
မြန်မာနဲ့ ဂျပန်နှစ်နိုင်ငံ ချစ်ကြည်ရေးအဖြစ် ပူးပေါင်း ရိုက်ကူးထားတဲ့ "ဇာတိမြေ" ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လအတွင်း မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တော် အဝင်းပါဝင်ထားတဲ့ ဇာတိမြေ ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လ(၂၇) ရက်နေ့တွင် စတင်ပြသတော့မှာ ဖြစ်တယ်လို့ ဇာတိမြေ ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားပါတယ်။

"ကဲ ဇာတိမြေ ကိုစောင့်မျော်နေကြတဲ့ ပရိတ်သတ်တို့ရေ။ မကြာမှီ မှာပဲ ဇာတိမြေ ( My Country My Home ) ဇာတ်ကားကြီး ကို ၂၇.၇.၂၀၁၈ မှာစတင်ပြသတော့မှာပဲဖြစ်တဲ့အကြောင်း သတင်းကောင်းပါးပါရစေ။ ပြသမည့်ရုပ်ရှင်ရုံများကို မကြာမှီအသေးစိတ်ကြော်ငြာပေးပါ့မယ်။" ဆိုပြီး ပြောထားတာပါ။
ဇာတိမြေရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲက ရင်ခုန်သံစကား
ဇာတိမြေ ရုပ်ရှင်ဇာတ်ကားမှာတော့ ရန်အောင်၊ အောင်ရဲလင်း၊မိုရီဆာကီဝင်း၊ ဝတ်မှုံရွှေရည် တို့နဲ့အတူ ရိုက်ကူးနေတာ ဖြစ်ပြီး အဲ့ဒီ ဇာတ်ကားကို ဒါရိုက်တာ ကြည်ဖြူသျှင်က ပုံဖော်ထားတာပါ။ ယင်းရုပ်ရှင်ဇာတ်ကား နဲ့အတူ မြန်မာပရိသတ်တွေ ကို သတိထားမိစေသူကတော့ မြန်မာလူမျိုး ဂျပန်အနုပညာရှင် မိုရီဆာကီဝင်းဖြ စ်ပါတယ်။ အဝင်းဆိုပြီး ချစ်စနိုးခေါ်ခြင်း ခံရတဲ့ မိုရီဆာကီဝင်းဟာ PrizmaX Boy Band မှအဆိုုတော် သရုုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။
အဖေကော အမေပါ မြန်မာလူမျိုးတွေ ဖြစ်ပြီး မြန်မာနိုင်ငံမှာပဲ မွေးတဲ့ မိုရီဆာကီဝင်းကတော့ PrizmaX Boy Band နဲ့ အနုပညာလောကမှာ အောင်မြင်နေသူ တစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင် သူဟာ ဂျပန်နိုင်ငံမှာသာမက မြန်မာနိုင်ငံ မှာလည်း ပရိသတ်တွေ ရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။
ဇာတိမြေ ရုပ်ရှင်ဇာတ်ကားကိုတော့ ဂျပန်နိုင်ငံရဲ့ အထင်ကရနေရာများမှာ ရိုက်ကူးထားသလို မြန်မာနိုင်ငံမှာလည်း ရွှေတိဂုံဘုရား၊ အင်းလေး၊ ရှမ်းပြည်နယ်တို့အပြင် အခြားသော နေရာများလည်း ရိုက်ကူးထားပါတယ်။
ယင်းရုပ်ရှင်ဇာတ်ကားဟာ ဂျပန်မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကို ဦးတည်ပြီး MNTV ရုပ်သံလိုင်းနဲ့ Japan JIB( Japan International Broadcasting Inc.)တို့ ပူးပေါင်းပြီး ရိုက်ကူးတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်