• ဇူလိုင်လကစပြီး လိုင်စင်မရှိတဲ့ တရုတ်မှ iOS ဂိမ်းတွေ Apple ဖယ်ရှားမည်

ထောင်နဲ့ချီတဲ့ ဂိမ်းတွေ ဖြုတ်ချသွားမှာပါ

အစိုးရဆီမှာ ဂိမ်းလိုင်စင်မဆောင်ထားတဲ့ တရုတ်မိုဘိုင်းလ်ဂိမ်းတွေကို App Store ကနေ ဖယ်ရှားသွားမယ်လို့ ကြေညာလိုက်ပါတယ်။


တရုတ်မှာ ရှိတဲ့ Developer တွေနဲ့ ဂိမ်းထုတ်လုပ်သူတွေကို အစိုးရရဲ့ ဂိမ်းလိုင်စင်ဆောင်ထားဖို့ Apple ဟာ နှစ်ဆန်းပိုင်းကတည်းက အသိပေးထားတာပါ။ South China Morning Post သတင်းအရ ဇူလိုင်လကစပြီး App Store ဟာ ထောင်နဲ့ချီတဲ့ လိုင်စင်မဲ့ဂိမ်းတွေကို ဖြုတ်ချသွားတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လိုင်စင်မဲ့ ဂိမ်းတွေအားလုံး App Store ပေါ်က ဖယ်ရှားဖို့ဟာ အချိန်ဘယ်လောက် ကြာမလဲ မသိရ‌သေးပါဘူး။

image

Photo:vnexplorer

တရုတ်အာဏာပိုင်တွေဟာ ငွေပေးဝယ်ရတဲ့ဂိမ်းတွေနဲ့ in-app purchase စနစ်သုံး ဂိမ်းတွေကို မဖြန့်ချိခင် လိုင်စင်ဆောင်ထားဖို့ ညွှန်ကြားထားပါတယ်။ ၂၀၁၆ ခုနှစ်က စပြီး Android Application Store ကြီးတွေဟာ ဒီညွှန်ကြားချက်ကို အကောင်အထည်ဖော်ခဲ့ကြပေမယ့် Apple App Store ပေါ်မှာတော့ လိုင်စင်ဆောင်မထားတဲ့ ဂိမ်းတွေ သောင်းနဲ့ချီ ရှိနေပါတယ်။ AppInChina အဖွဲ့ရဲ့ ခန့်မှန်းမှုအရ paid games အက်ပလီကေးရှင်းရဲ့ သုံးပုံတစ်ပုံကျော်ဟာ ဖြုတ်ချခံရဖို့ ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။

ဖေဖော်ဝါရီလဆန်းပိုင်းအထိ Apple ဟာ ဇွန်လကုန် နောက်ဆုံးထားပြီး ဂိမ်းလိုင်စင်ဆောင်ထားဖို့ iOS developers တွေကို ညွှန်ကြားထားပါတယ်။ သတ်မှတ်ရက်ကျော်တာနဲ့ တရားမဝင်တဲ့ ဂိမ်းတွေကို ပိတ်ပင်ပြီး App Store ကနေ ဖျက်ချမယ်လို့လည်း အတိအလင်း ပြောထားတာလည်း ဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က