• ဦးခေါင်းစွပ်နဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေတဲ့ ကျော်ဇင်ထက်

ရတနာပုံနဲ့ပွဲမှာ ပထမဆုံး ပြန်လည်ပွဲထွက်ဖွယ်ရှိနေပါတယ်။

ရှမ်းနဲ့ပွဲမှာ မူးလဲသွားလို့ အရေးပေါ် ဆေးရုံကို ပို့ဆောင်ခဲ့ရကာ ဓာတ်မှန်ရိုက်စစ်ဆေးမှုတွေအရ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား မရှိပေမယ့် လာမယ့်ပွဲတွေမှာတော့ ဦးခေါင်းစွပ်တပ်ပြီး ကစားသွားရတော့မှာ ဖြစ်ပါတယ်။

image

ရန်ကုန်ယူနိုက်တက်အသင်းရဲ့ အဓိကဂိုးသမား ကျော်ဇင်ထက်အနေနဲ့ ရှမ်းယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ပွဲမှာ ရရှိခဲ့တဲ့ ဦးခေါင်းဒဏ်ရာကြောင့် ၁၀ ရက်ခန့် အနားယူနေရာမှ ယခုအခါ လေ့ကျင့်ခန်း ပြန်ဆင်းနေနိုင်ပြီလို့ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ တရားဝင် လူမှုစာမျက်နှာ်ထက်မှာ ရေးသားဖော်ပြထားပါတယ်။

ကျော်ဇင်ထက်အနေနဲ့ ရှမ်းတိုက်စစ်မှူး ဇင်မင်းထွန်းနဲ့ ထိခိုက်မိပြီး ဦးခေါင်းဒဏ်ရာရရှိသွားခဲ့တာကြောင့် ဆေးရုံကို အရေးပေါ် ပို့ဆောင်ပေးခဲ့ရပြီး ဓာတ်မှန်ရိုုက် စစ်ဆေးမှုတွေအရ ဆရာဝန်က နောက်ထပ် ကစားလိုပါက ဦးခေါင်းစွပ် တပ်ဆင်သင့်တယ်လို့ ညွှန်ကြားခဲ့လို့ရန်ကုန်ယူနိုက်တက်အသင်းက ကျော်ဇင်ထက်အတွက် ဦးခေါင်းစွပ် ဝယ်ယူပေးခဲ့တာပါ။

“ ဦးခေါင်းစွပ်ကို မလေးရှားထိသွားဝယ်ရပါတယ်။ အခုတော့ ပြီးခဲ့တဲ့ ၃ ရက်နေ့က စပြီးနည်းနည်းပါးပါး လေ့ကျင့်ခန်းပြန်ဆင်းနေပြီ၊ မနေ့ကတော့ အသင်းနဲ့အတူ အပြည့်အ၀ လေ့ကျင့်ခန်းပြန်ဆင်းနေနိုင်ပါပြီ၊ ရတနာပုံနဲ့ပွဲ ပါဖို့ မပါဖို့ကတော့ နည်းပြဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။” လို့ ရန်ကုန်အသင်း မီဒီယာ တာဝန်ခံ ဒေါ်သိမ့်သိမ့်ထွန်းက ပြောပါတယ်။

ကျော်ဇင်ထက်က ရန်ကုန်အသင်းအတွက်သာမက မြန်မာ့လက်ရွေးစင်အသင်းအတွက်ပါ အားထားရတဲ့ ဂိုးသမား တစ်ဦးဖြစ်တာကြောင့် တစ်နိုင်ငံလုံးက ပရိသတ်တွေ စိုးရိမ်ပူပန်နေခဲ့ကြပြီး အခုလို ဒဏ်ရာက ပြန်လည်ပျောက်ကင်း သက်သာလာတဲ့ သတင်းကတော့ တစ်နိုင်ငံလုံးအတွက် အားတက်စရာဖြစ်လာခဲ့ပါ တယ်။

ဒါပေမယ့်လည်း ကျော်ဇင်ထက်အနေနဲ့ ဘောလုံး ကစားတဲ့အချိန်တိုင်းမှာ ဦးခေါင်းကို ထိခိုက်ဒဏ်ရာ ထပ်မံ မထိခိုက်စေနိုင်ဖို့အတွက် သတ်မှတ် ဦးခေါင်းစွပ်ကို အမြဲ ဝတ်ဆင်ကစားရတော့မှာဖြစ်ပြီး မြန်မာ နိုင်ငံမှာ ပထမဆုံး ဦးခေါင်းစွပ်တပ်ပြီး ကစားရတော့မယ့် ဂိုးသမားဖြစ်လာတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က