အောင်လကတော့ မနေ့က ဒီရိုက်ဒါကို ရှုံးနိမ့်ခဲ့လို့ မစ်ဒယ်ဝိတ်ခါးပတ်ကို လက်လွှဲပေးခဲ့ရတာပါ။

စင်ကာပူမြေမှာ ကျခဲ့တဲ့ မြန်မာ့ ဂုဏ်သိက္ခာနဲ့ သွေးကြွေးတွေကို အမေရိကန်နိုင်ငံမှာ မြန်မာ့ရိုးရာ လက်ဝှေ့ကို ကမ္ဘာကို ချပြပြီး ပြန်လည် မြှင့်တင်ကာ သွေးကြွေးဆပ်မယ်လို့ ဆိုလာတာပါ။

စင်ကာပူမှာ ကျခဲ့တဲ့ သွေးကြွေးအတွက် အမေရိန်ကန်နိုင်ငံမှာ မြန်မာ့လက်ဝှေ့ကို ကမ္ဘာက ပိုသိအောင် ဆိုင်းရပ်စ် ကိုအနိုင်ယူပြီး ပြန်လည်လက်စားချေပြမယ်လို့ ဒေ့ဗ်က ထုတ်ဖော်ပြောလာပါတယ်။



ဒေ့ဗ်ကတော့ ကနေဒါ နိုင်ငံသား ဖြစ်နေသည့်တိုင် သူ့ကိုယ်သူ အရင်ဘဝက မြန်မာလူမျိုးတစ်ဦး ဖြစ်ခဲ့တယ်လို့ ခံ ယူပြီး မြန်မာ့ရိုးရာလက်ဝှေ့ကို ကာကွယ်သူအဖြစ် သတ်မှတ်ထားသူပါ။

လက်ရှိမှာလည်း သူဟာ မြန်မာ့ရိုးရာလက်ဝှေ့ အလွတ်တန်း ချန်ပီယံ ခါးပတ်နဲ့ ကမ္ဘာ့လက်ဝှေ့ ချန်ပီယံရှစ် ခရူဇာ ဝိတ်တန်း ခါးပတ်တွေကို ပိုင်ဆိုင်ထားသူပါ။

လာမယ့် နိုဝင်ဘာလ ၇ရက်နေ့မှာတော့ မြန်မာ့ရိုးရာ လက်ဝှေ့ အလွတ်တန်း ခါးပတ် ချန်ပီယံဘွဲ့ကို ကာကွယ်ပွဲ အဖြစ် အမေရိကန်နိုင်ငံမှာ ဆိုင်းရပ်စ်နဲ့ ဒုတိယအကြိမ် ရင်ဆိုင်ကြမှာပါ။

ဒီပွဲက အမေရိကန်နိုင်ငံမှာ တရားဝင် ကျင်းပတဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ပွဲဖြစ်ပြီး ရိုးရာလက်ဝှေ့ စည်းမျဥ်းတွေနဲ့အ ညီ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

“ကျွန်တော့် အကို ကိုအောင်လအတွက် လာမယ့်အပတ်မှာ လက်စားပြန်ချေပါမယ်၊မြန်မာ့ဂုဏ်သိက္ခာအတွက် နိုင် ကို နိုင်ရပါမယ်။”လို့ ဒေ့ဗ်က ယနေ့မှာပဲ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြလာပါတယ်။

ဒေ့ဗ်အနေနဲ့ အဆိုပါပွဲမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုပြီး မြန်မာ့ရိုးရာ လက်ဝှေ့ကို ကာကွယ်သူ၊မြှင့်တင်သူ အဖြစ် ခံယူကာ ထိုးသတ်သွားမယ်လို့လည်း ကတိပြုထားပါတယ်။

Share

Loading Next Article...
က္က