ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဗဟိုခံံစစ်ကစားသမား ဂျရုန်းဘိုတန်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဆီကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပြီး ယခုနွေရာသီမှာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာမှာမဟုတ်ကြောင်း ပြောကြားခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Photos: Metro
မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ ဗဟိုခံစစ်နေရာအတွက် ကစားသမားအသစ် ပြန်လည်ရှာဖွေစုဆောင်းလိုခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းရဲ့ဗဟိုခံစစ်ကစားသမား ဘိုတန်ဟာ တိုဘီအယ်ဒါဝီလ်၊ ဟယ်ရီမက်ဂွိုင်းယားတို့နဲ့အတူ မန်ယူအသင်းရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေသူဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ရက်မှာ ကွင်းအသစ်မဖွင့်နိုင်လို့ မန်စီးတီးအတွက် ပိုက်ဆံကျခံရဖွယ်ရှိနေတဲ့ စပါး
ဘိုတန်ဟာ ပြင်သစ်လီဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စအတွက် ဆွေးနွေးနေမှုကို ရပ်တန့်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းမှာသာ ဆက်ရှိနေဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဘိုတန်ဟာ အခြားအသင်းတစ်သင်းအတွက် ဘိုင်ယန်မြူးနစ်အသင်းကို စွန့်ခွာဖို့ တွန့်ဆုတ်နေတယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။
Photos: Metro
"ကျွန်တော် ပီအက်စ်ဂျီအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတိုု့ဆီကနေ မေးမြန်းစုံစမ်းမှုကို ရရှိခဲ့ပါတယ်"
"ကျွန်တော် ဘိုင်ယန်မြူးနစ်အသင်းကနေ အဝေးကို ထွက်မသွားချင်ပါဘူး။ ဒါပေမယ့် စိန်ခေါ်မှုအသစ်တွေကို ကြိုးစားကြည့်ဖို့တော့ ကျွန်တော် ရင်ခုန်စိတ်လှုပ်ရှားမိပါတယ်"
"ဘိုင်ယန်အသင်းမှာ ကောင်းမွန်နေတယ်လို့ ကျွန်တော် ခံစားရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ကမ္ဘာပေါ်က အကြီးမားဆုံးကလပ်အသင်းတွေထဲက တစ်သင်းပါ"
"ကျွန်တော် ဟိုဆေးမော်ရင်ဟိုကို ဖုန်းခေါ်ခဲ့ပါတယ်။ သူ့ရဲ့စိတ်ဝင်စားမှုကို ခံရတာ ဂုဏ်ယူစရာဖြစ်ပြီး ကျွန်တော့်ကို ခေါ်ယူဖို့ ခက်ခက်ခဲခဲကြိုးစားနေတာအတွက် ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်"
"ကျွန်တော့်အနေနဲ့ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာဖို့ အရမ်းခက်ခဲတယ်ဆိုတာကို ဟိုဆေး နားလည်အောင် ရှင်းပြခဲ့ပါတယ်။ တကယ်လို့သာ ကျွန်တော် လုပ်ရမယ်ဆိုရင် အရာအားလုံးက ဒီအသင်းကို ထိပ်တန်းအဆင့်ရောက်ဖို့ လုပ်ဖို့အတွက်ပါပဲ"လို့ ပြောကြားခဲ့ပါတယ်။
Share