ပီအက်စ်ဂျီအသင်းရဲ့ ကွင်းလယ်ကစားသမား ဂျူလီယန်ဒရက်စ်လာဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအသင်းနဲ့အတူ အောင်မြင်မှုတွေ ရရှိခဲ့ပြီး အသင်းကနေ ထွက်ခွာဖို့ အကြောင်းပြချက်ရှာမရဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒရက်စ်လာကို ဂျာမန်ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးက ခေါ်ယူဖို့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပြီး ဂျာမနီကို ပြန်သွားတော့မယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒရက်စ်လာဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အပြောင်းအရွှေ့အတွက် ပြောဆိုနေမှုတွေကို ငြင်းပယ်ခဲ့ပြီး ပီအက်စ်ဂျီအသင်းမှာ ရှိနေရတဲ့ဘဝကို ပျော်ရွှင်နေကြောင်း ပြောကြားခဲ့ပါတယ်။ ဒရက်စ်လာဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအသင်းအတွက် ပွဲ ၃၀ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး နေမာ၊ ကာဗာနီ၊ ဘတ်ပီတို့နဲ့အတူ ၁၉ ပွဲ ပွဲထွက်ကစားခွင့်ရရှိခဲ့သူဖြစ်ပါတယ်။
နည်းပြဟောင်းကွန်တီ ဒေါသထွက်စေမယ့်စကားကို ပြောလိုက်တဲ့ မိုရာတာ
ထွက်ပေါ်နေတဲ့သတင်းတွေအရ ဂျူလီယန်ဒရက်စ်လာဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဝါရင့်တောင်ပံကစားသမားတွေဖြစ်တဲ့ ရီဘာရီနဲ့ အာဂျန်ရော်ဘင်တို့ရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖွယ်ရှိနေတဲ့ကစားသမားလို့ သိရပါတယ်။ ဒါပေမယ့် ဒရက်စ်လာက ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဖုန်းဆက်သွယ်ခဲ့တယ်ဆိုတဲ့သတင်းတွေကိုတော့ ငြင်းပယ်သွားခဲ့ပါတယ်။
"ဘိုင်ယန်မြူးနစ်ဟာ ဂျာမနီမှာ အအောင်မြင်ဆုံးဖြစ်နေဆဲအသင်းတစ်သင်းပါ။ သတင်းတွေအားလုံးက ကောလာဟလတွေပါ"
"ဘိုင်ယန်မြူးနစ်အသင်းဆီကနေ တရားဝင်ဆက်သွယ်မှုမျိုး တစ်ခါမှမရရှိခဲ့ဖူးပါဘူး"
ဘိုင်ယန်မြူးနစ်အသင်းက တရားဝင်ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ဘယ်လိုမျိုး တုံ့ပြန်မလဲလို့ မေးမြန်းခဲ့တဲ့အခါမှာတော့ ဒရက်စ်လာက ခုလိုပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။
"ကျွန်တော့်အနေနဲ့ ကဏ္ဍအလိုက်ခွဲခြားပြီး ပြောရမယ်ဆိုရင် ဟင့်အင်းလို့လည်း မဟုတ်ဘူး။ အရာအားလုံးကို ပစ်ချမယ်ဆိုတာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် နောက်ထပ်တစ်ကြိမ်ပြောရမယ်ဆိုရင် ဒီမေးခွန်းက အခုအချိန်မှာ တစ်စုံတစ်ခုဖြစ်လာမှာမဟုတ်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။