• Featured

    Disney streaming အကြီးအကဲဟောင်း TikTok CEO ဖြစ်လာ

ByteDance ရဲ့ COO အဖြစ်ပါ တာဝန်ယူမှာပါ

Disney ရဲ့ ဖောက်သည်တိုက်ရိုက်စီးပွားရေးအကြီးအကဲတစ်ဦးဖြစ်တဲ့ ကက်ဗင်မေယာဟာ ရာထူးမှ နှုတ်ထွက်ပြီးနောက် TikTok မှာ CEO သစ်အဖြစ် အလုပ်ဝင်တော့မှာ ဖြစ်တယ်လို့ Disney က ကြေညာထားပါတယ်။

မေယာဟာ TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance မှာလည်း COO တစ်ယောက် ဖြစ်လာမယ်လို့ The Verge သတင်းက ဆိုပါတယ်။ မေယာဟာ Disney ရဲ့ ဖောက်သည်တိုက်ရိုက်စီးပွားရေးဌာန စတင်တည်ထောင်တဲ့ ၂၀၁၈ ခုနှစ်ကတည်းက ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ မေယာရဲ့ ဦးဆောင်မှုအောက်မှာ Disney ဟာ ရုပ်ရှင်နဲ့ တီဗွီပိုင်းကနေ Streaming စီးပွားရေးကို အာရုံစိုက်လာတာပါ။

image


Photo: Tech Crunch

လအနည်းငယ်အတွင်း Disney+ မှာ လစဉ်ကြေးဆောင်ပြီး ကြည့်ရှုတဲ့ paid subscriber ပေါင်း သန်း ၅၀ ကျော် တိုးလာခဲ့ပါတယ်။ မေယာဟာ Walt Disney ရဲ့ CEO ‌ဟောင်း ဘော့ပ်အိုက်ဂါနေရာမှာ ဆက်ဆံမယ့်သူအဖြစ် ထင်ကြေးပေးခံရသူ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလထဲမှာ Disney Parks , Experiences and Products ပိုင်း ဥက္ကဌ ဘော့ချာပက်ခ်ကို CEO သစ်အဖြစ် ရုတ်တရပ်ခန့်အပ်လိုက်ပြီးနောက် မေယာဟာ TikTok ကို ရာထူးသစ်နဲ့ ပြောင်းဖို့ ဖြစ်လာခဲ့တာပါ။

TikTok အနေနဲ့ မေယာကို CEO အဖြစ် ခန့်အပ်လိုက်တာဟာ သူ့ရဲ့ Streaming လောက အောင်မြင်မှုတွေကြောင့်တင် မဟုတ်ဘဲ တရုတ်ပိုင် အက်ပလီကေးရှင်းတစ်ခုပေါ် အမေရိကန်နိုင်ငံရေးသမားတွေရဲ့ လုံခြုံရေး စိုးရိမ်မှုတွေ ဖြေရှင်းပေးမယ့် ထင်ရှားကျော်ကြားသူ အမေရိကန်အမှုဆောင်တစ်ဦးဖြစ်တာကြောင့်ပါ ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။


Photo: dealstreetasia


"ByteDance မှာ မေယာအနေနဲ့ ကော်ပိုရိတ်ဖွံ့ဖြိုးရေး ၊ ရောင်းအား ၊ ဈေးကွက်ပိုင်း ၊ အများပြည်သူရေးရာ ၊ လုံခြုံရေး ၊ ကွပ်ကဲမှု နဲ့ တရားရေးပိုင်း အပါအဝင် ကော်ပိုရိတ်လုပ်ဆောင်ချက်တွေမှာ ကြီးကြပ်ဖို့နဲ့ ByeteDance ရဲ့ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးမှုပါ မောင်းနှင်ဖို့ တာဝန်ယူသွားမှာ ဖြစ်ပါတယ်" လို့ ByteDance ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပထမသုံးလပတ်အတွင်း TikTok app ကို Android နဲ့ iOS တို့ပေါ်မှာ ဒေါင်းလုပ်ဆွဲမှု ၃၁၅ သန်းကျော် နဲ့ စုစုပေါင်း ဒေါင်းလုပ်ဆွဲမှုအကြိမ်ရေ သန်း ၂၀၀၀ ကျော် ရှိခဲ့ပါတယ်။ ၁၅ စက္ကန့်ဗွီဒီယိုတိုတွေ ဖန်တီးပြီး လူမှုကွန်ရက်ပေါ် တင်နိုင်မယ့် TikTok app ဟာ တရုတ်နိုင်ငံသားပိုင် လက်အောက်ခံကုမ္ပဏီဖြစ်တာကြောင့် အမေရိကန်နိုင်ငံရေးသမားများ စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က