• Featured

    Chrome ဆက်မသုံးဖို့ အင်တာနက် သုံးသူတွေကို Microsoft တိုက်တွန်း

Chrome အစား Microsoft Edge သုံးဖို့ တိုက်တွန်းနေပါတယ်

Microsoft ဟာ ပြိုင်ဘက် Google Chrome ဝန်ဆောင်မှုမသုံးဖို့ အင်တာနက်သုံးသူတွေကို တိုက်တွန်းတဲ့ မက်ဆေ့တွေ ပို့နေတယ်လို့ ဆိုပါတယ်။ 

Windows 10 နဲ့ Windows 11 နှစ်မျိုးစလုံးမှာ Google Chrome ‌ဒေါင်းလုပ်ဆွဲမယ့် စာမျက်နှာထဲ ဝင်ရောက်ချိန်မှာ Chrome အစား Microsoft Edge Browser သုံးဖို့ Prompt မက်ဆေ့ပို့တာ ဖြစ်တယ်လို့ The Verge က ဖော်ပြပါတယ်။ 

image

Photo: indiatoday



Screen Shot ဖမ်းထားတဲ့ Prompts တွေထဲမှာ "Microsoft Edge ဟာ Chrome လိုမျိုး နည်းပညာသုံးတာချင်းအတူတူပဲ ဖြစ်ပြီး Microsoft က ပိုပြီး ယုံကြည်စိတ်ချရပါတယ်။ " ၊ "အဲ့ဒီ Browser က ၂၀၀၈ တုန်းက ဟာကြီးပါ။ အသစ်က ဘာလဲ သိလား။ Microsoft Edge လေ" ၊ "ပိုက်ဆံအကုန်အကျသက်သာမှာကို မုန်းလိုက်တာလို့ ဘယ်သူမှ ပြောမှာ မဟုတ်ပါဘူး။ Microsoft Edge က အွန်လိုင်းဈေးဝယ်ဖို့အတွက် အကောင်းဆုံး Browser ပါ" ဆိုတဲ့ မက်ဆေ့မျိုးတွေ ပါဝင်ပါတယ်။ 

အစပိုင်းက Chrome ကို တည့်ဖိုက်ထားတဲ့ Prompt မက်ဆေ့တွေကို Windows 11 သုံး PC တွေမှာ မြင်ခဲ့ရပြီး နောက်ပိုင်းမှာ Windows 10 users တချို့မှာလည်း တွေ့လာရတယ်လို့ ဆိုပါတယ်။ Google ကလည်း Microsoft Edge သုံးပြီး ကုမ္ပဏီရဲ့ ဝန်ဆောင်မှုတွေ ဖြစ်တဲ့ Google Search နဲ့ Gmail တို့ရဲ့ webpages ထဲ ဝင်ပြီး သုံးချိန်မှာ Chrome ပြောင်းသုံးဖို့ တိုက်တွန်းတာမျိုးတွေ လုပ်လေ့ရှိပါတယ်။ 

Microsoft ဟာ ပြီးခဲ့တဲ့ ၃ နှစ်လောက်ကတည်းက Chrome တို့ Firefox တို့ Install မသွင်းဖို့ Windows 10 Users တွေကို အသိပေးမယ့် နည်းလမ်းသစ်တွေ စတင်စမ်းသပ်ခဲ့တာပါ။ ဒီစမ်းသပ်ချက်တွေကိုတော့ Public ထဲ မဖြန့်ခဲ့ပေမယ့် အခုတစ်ခေါက်မှာတော့ Chrome မသုံးဖို့ ပိုပြီး ပေါ်တင်အသိပေးလာာလို့ ဆိုရမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က