• Featured

    လီဗာပူးကစားသမားနှစ်ယောက်ကို ဘရာဇီးဂန္တဝင်နှစ်ယောက်နဲ့တောင် ခိုင်းနှိုင်းပြီး ကြွေနေတဲ့ နဗီးလ်

အာနိုးလ်၊ ရော်ဘတ်ဆန်တို့ကို ဂယ်ရီနဗီးလ်က ချီးကျူးခဲ့တာပါ။

ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ဟောင်းကြီး ဂယ်ရီနဗီးလ်က လီဗာပူးအတွက် လတ်တလောမှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ အလက်ဇန္ဒားအာနိုးလ်နဲ့ ရော်ဘတ်ဆန်တို့နှစ်ယောက်ကို ဘရာဇီးဂန္တဝင်တွေဖြစ်တဲ့ ကာဖူး၊ ရော်ဘတ်တိုကားလို့စ်တို့နဲ့ နှိုင်းယှဥ်ချီးကျူးလိုက်ပါတယ်။

image

လီဗာပူးရဲ့ ရလဒ်ကောင်းတွေအတွက် ဆာလာ၊ မာနေး၊ ဂျိုတာ၊ ဟန်ဒါဆန်တို့ အကောင်းဆုံးခြေစွမ်းပြနေသလို အာနိုးလ်၊ ရော်ဘတ်ဆန်တို့ရဲ့ စွမ်းဆောင်မှုတွေကိုလည်း မေ့ထားလို့မရပါဘူး။ ဒီနှစ်ယောက်က လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နောက်ခံအစွန်လူတွေလို့တောင် ပြောနိုင်ပြီး ဂယ်ရီနဗီးလ်ကလည်း အခုလိုပဲ ချီးကျူးလာခဲ့ပါတယ်။

image

ဂယ်ရီနဗီးလ်က “ကျနော်မြင်ဖူးသမျှထဲ အကောင်းဆုံးနောက်ခံလူနှစ်ယောက်ဖြစ်တဲ့ ရော်ဘတ်တိုကားလို့စ်၊ ကာဖူးတို့နဲ့ ဒီနှစ်ယောက် (အာနိုးလ်နဲ့ ရော်ဘတ်ဆန်) တို့ကို နှိုင်းယှဥ်နိုင်ပါတယ်။ နှစ်ပေါင်းများစွာကြာအောင် ဒီဘရာဇီးသားနှစ်ယောက်က ရိုးရိုးရှင်းရှင်း တောက်ပခဲ့ပါတယ်”

“နောက်တော့ Full Back နေရာကစားတယ်၊ အဲ့ဒီမတိုင်ခင် သူတို့ တိုက်စစ်ကို တော်တော်လေး လိုက်ကစားခဲ့ရတာပါ။ ပွဲရဲ့အစိတ်အပိုင်းတွေဖြစ်တဲ့ ဖရီးကစ်တွေ၊ တိုက်စစ်ဆင်မှုတွေ၊ ဖြတ်တင်ဘောတွေအတွက် ခင်ဗျားအရင်ဆုံးစဥ်းစာရင် တိုက်စစ်ကစားသမားပဲ”

“ပြီးတော့ နောက်ခံလူ။ ဒီလိုပေါ့။ ကားလို့စ်နဲ့ကာဖူးတို့က Full Back ကစားသမားတွေကို အသင်းတသင်းအတွက် အရေးပါလာအောင်လုပ်ပြနိုင်ခဲ့ပါတယ်။ သူတို့က တကယ်ကို ချွင်းချက်မရှိတဲ့ ကစားသမားတွေပါ။ ဒါပေမယ့် ကျနော်အခုတော့ ပရီးမီးယားလိဂ်မှာ အာနိုးလ်နဲ့ ရော်ဘတ်ဆန်ထက် ပိုကောင်းတဲ့ Full Back တွေကို မမြင်ဖူးဘူးလို့ ထင်ပါတယ်”

“သူတို့နှစ်ယောက်ရဲ့ ကွင်းထဲမှာ ချိတ်ဆက်ပုံ၊ ကစားပုံတွေက ပွဲကြည့်ပရိသတ်တွေအတွက် တကယ်ကို ပျော်ရွှင်စရာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်နဲ့လီဗာပူးတို့ဟာ အင်္ဂလန်မှာ ခါးသီးပြိုင်ဘက်တွေဖြစ်ကြပြီး ဂယ်ရီနဗီးလ်က အခုလိုမျိုး လီဗာပူးကစားသမားတွေကို ချီးကျူးတာ တော်တော်လေးဖြစ်တောင့်ဖြစ်ခဲ ကိစ္စလို့ဆိုရမှာပါ။ 

Share

Loading Next Article...
က္က