• ကပ္ပတိန်ကြီးဖရီးကစ်လွဲတာကို အရံခုံတန်းကနေ အားရပါးရထိုင်ခွီနေတဲ့ အာနိုးလ်

နယူးကာဆယ်နဲ့ပွဲမှာ ဖြစ်ပျက်ခဲ့တာပါ။

လီဗာပူး နောက်ခံလူ အာနိုးလ်ဟာ ဒီကနေ့ ကစားသွားတဲ့ နယူးကာဆယ်နဲ့လီဗာပူးတို့ပွဲမှာ ပွဲထွက်ခွင့်မရခဲ့ဘဲ ဆာလာနဲ့အတူ အနားပေးခံခဲ့ရပါတယ်။ ဖလားလေးလုံးမျှော်လင့်နေတဲ့ လီဗာပူးဟာ ပွဲကျပ်တွေ ဆက်တိုက်ကစားနေရတာဖြစ်တာကြောင့် ဒီကနေ့ပွဲမှာ ကလော့ပ်က ပွဲထွက်ကစားသမားစာရင်းကို အပြောင်းအလဲလုပ်ခဲ့တာပါ။

image

အာနိုးလ်ရဲ့နေရာမှာ ဂျိုးဂိုးမက်ဇ် ဝင်ကစားခဲ့ပြီး အာနိုးလ်ရဲ့ ဖရီးကစ်တာဝန်ကိုတော့ အသင်းခေါင်းဆောင် ဟန်ဒါဆန်က တာဝန်ယူခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲရဲ့ ပွဲကစားချိန် (၃၇) မိနစ်မှာတော့ ပရိသတ်တွေအတွက် ပွဲကျစရာဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။

image

လီဗာပူးဟာ နယူးကာဆယ် ဂိုးဧရိယာတဝိုက်က အန္တရာယ်ရှိတယ်လို့ သတ်မှတ်နိုင်တဲ့ ပြစ်ဒဏ်ဘောကန်ခွင့်ရရှိခဲ့ပါတယ်။ ဒီပြစ်ဒဏ်ဘောကို ဟန်ဒါဆန်က ကန်သွင်းခဲ့တဲ့နေရာမှာ ဂိုးပေါက်နဲ့ အတော်လေးလွဲချော်သွားခဲ့ပါတယ်။ ဘောလုံးက နယူးကာဆယ်ကစားသမားတွေရဲ့ Wall ကိုမထိခဲ့သလို ဂိုးပေါက်လည်းမတည့်ဘဲ နယူးကာဆယ်ပရိသတ်တွေဆီ ရောက်သွားခဲ့တာပါ။


ဒီဖြစ်ရပ်ကိုတော့ အာနိုးလ်က အရံခုံနဲ့ ပြုံးစိစိလုပ်ပြီး ထိုင်ခွီနေခဲ့တာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။ အာနိုးလ်ဟာ ဖရီးကစ်ကနေ လီဗာပူးအတွက် ဂိုးတွေ သွင်းယူပေးခဲ့ဖူးသူတယောက်ဖြစ်ပြီး အသင်းရဲ့ ထောင့်ကန်ဘောအများစုကိုလည်း တာဝန်ယူကန်ပေးရလေ့ရှိပါတယ်။ ပရိသတ်တွေကတော့ “အာနိုးလ်တယောက် ဟန်ဒါဆန်ရဲ့ တလွဲဖရီးကစ်ကို ရယ်နေပါပြီ”


“အာနိုးလ်က ဟန်ဒါဆန်ရဲ့ဖရီးကစ်ကို နောက်တခါတောင် ပြန်ကြည့်ပြီး ရယ်နေခဲ့ရတာပါ” “အာနိုးလ်တယောက် ဟန်ဒါဆန် ဖရီးကစ်ကန်တာကို ကြိုက်နေပြီ” အစရှိသဖြင့် အမျိုးမျိုး ဟာသလုပ်နောက်ပြောင်နေခဲ့ကြပါတယ်။ လီဗာပူးဟာ ဒီပွဲမှာ နာဘီကီတာရဲ့ ပထမပိုင်း (၁၈) မိနစ်မှာရရှိခဲ့တဲ့ တလုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ 

Share

Loading Next Article...
က္က