• လီဗာပူး ဘာဖြစ်နေလဲဆိုတာကို ဂရုမစိုက်ဘူးဆိုတဲ့ ယူနိုက်တက်နည်းပြ တန်ဟက်ခ်

ယူနိုက်တက်က လက်ကျန်နှစ်ပွဲမှာ သရေတစ်မှတ်သာ လိုအပ်တော့တာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်ဖြစ်နေတဲ့ လီဗာပူးရဲ့ အခြေအနေကို စိတ်မဝင်စားဘဲ ကိုယ့်အလုပ်ကိုယ် လုပ်သွားဖို့ကိုသာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ မနေ့ညက ပရီးမီးယားလိဂ် အဝေးကွင်းပွဲမှာ ဘုန်းမောက်ကို ကက်စ်မဲရိုးရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

image

တစ်ချိန်တည်း ကစားခဲ့တဲ့ လီဗာပူးနဲ့ ဗီလာတို့ပွဲမှာတော့ လီဗာပူးက တစ်ဂိုးစီသရေကျခဲ့တာကြောင့် ယူနိုက်တက်တို့ လက်ကျန် (၂) ပွဲမှာ တစ်မှတ်ရတာနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိတော့မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်က လီဗာပူးထက် တစ်ပွဲလျော့ (၃) မှတ် အသာရရှိထားပါတယ်။

image

ဘုန်းမောက်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာတော့ တန်ဟက်ခ်က “လီဗာပူးမှာ ဘာဖြစ်နေတယ်ဆိုတာကို ကျွန်‌တော် ဂရုမစိုက်ပါဘူး။ အရာအားလုံးက ကျွန်တော်တို့ ကိစ္စပါပဲ။ ကိုယ့်အလုပ်ကိုယ် လုပ်ရပါမယ်။ ကျွန်တော်တို့ လိုချင်တဲ့နေရာနဲ့ နီးနေပါပြီ။ ဒါပေမယ့် မရောက်သေးပါဘူး။ ကျွန်တော်တို့အတွက် နိုင်ပွဲတစ်ပွဲ လိုအပ်ပါသေးတယ်”

“ဒီနေ့ပွဲအတွက် ကျေနပ်ပျော်ရွှင်ရပါတယ်။ ကျွန်တော်တို့ အနားယူရမယ်၊ ပြီးသွားရင်တော့ လာမယ့်ပွဲအတွက် အာရုံစိုက်ရပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် ဘုန်းမောက်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ကက်စ်မဲရိုးရဲ့ သွင်းဂိုးနဲ့ ပတ်သက်လို့လည်း တန်ဟက်ခ်က “ကြီးကျယ်ခမ်းနားတဲ့ သွင်းဂိုးတစ်ဂိုးပါ။ ဒီနေ့မှာ ကွင်းလယ်က အကောင်းဆုံး ကစားခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်”

“ကက်စ်မဲရိုးဆီက ထိပ်တန်းအဆင့် သွင်းဂိုးကို မြင်တွေ့ခဲ့ရပြီး အဲရစ်ဆင်ရဲ့ ဖန်တီးပေးမှုကလည်း ကောင်းမွန်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ပွဲအပေါ်မှာလည်း တန်ဟက်ခ်က “ဒါက ကျွန်တော်တို့အတွက် ဗိုလ်လုပွဲပါ။ ပရိသတ်တွေ အဲ့ဒီပွဲအတွက် ရှိနေမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က