တစ်ပွဲ(၁)ကျပ်ခေတ်တည်းကနေစတင်ရောင်းချခဲ့တဲ့ ဒို့သမိုင်းအော်ကေ့ကြည်ဆိုင်လေးကတော့ (၃၈)နှစ်တာ သက်တမ်းကြာခဲ့ပြီဖြစ်ပါတယ်။ ခုဆိုရင်တော့ တစ်ပွဲ (၂၀၀၀)ကျပ်နဲ့ဆက်လက်ရောင်းချနေဆဲဖြစ်ပါတယ်။
ဒီဆိုင်ရဲ့ စားသုံးသူတွေဟာဆိုရင် ကျောင်းသားဘဝကနေ အိမ်ထောင်ကျပြီး ကလေးရတဲ့အချိန်ထိ လာရောက်အားပေးနေကြသူတွေတောင် ရှိပါတယ်။
မိသားစုစားဝတ်နေရေးအတွက် ဆိုင်ကလေးဖွင့်ဖြစ်ခဲ့
မိသားစုကိုစား၀တ်နေရေးအဆင်ပြေေစဖို့ ဒို့သမိုင်းဆိုတဲ့ နာမည်နဲ့ သမိုင်းမှာတည်ေထာင်မယ်ဆိုပြီးရည်ရွယ်ချက်နဲ့ ဒီဆိုင်လေးကိုမှတ်မှတ်ရရေလးဖွင့်လှစ်ဖြစ်ခဲ့တာပါ။
ဒို့သမိုင်း ဆိုတဲ့နာမည်လေးပေးဖြစ်ပုံ
“လူဆိုတာတော့ အိမ်ထောင်ကျခဲ့ရင်တော့ ကိုယ့်သမိုင်းကိုယ်ရေးရတော့မှာ။ဒီသမိုင်းမှာ ဒို့သမိုင်း ဆိုတဲ့နာမည်နဲ့တည်ထောင်မယ်။မိသားစုတွေစား၀တ်နေရေးအဆင်ပြေအောင် စိတ်ကူးပြီးတော့မှတ်မှတ်ရရလေးပေါ့။”လို့ ဒို့သမိုင်း အော်ကေ့ကြည်ဆိုင်ပိုင်ရှင် ဦးကျော်ပိုက်က ပြောပါတယ်။
မူလအရသာမပျက်ေအာင်ယနေ့ထိတိုင်ထိန်းထားနိုင်ဆဲ
အဓိကပါ၀င်တာေတွကတော့ဆန်နဲ့ရွှေဖရုံသီးဖြစ်ပြီး ထန်းလျက်နဲ့ငရုတ်ဆီအကောင်းတွေပဲသုံးထားကာ ယခုချိန်ထိမူလအရသာကိုထိန်းထားနိုင်ခဲ့တဲ့ဆိုင်လေးတစ်ဆိုင်လည်းဖြစ်ပါတယ်။
“(၃၈)နှစ်တာအတွင်း မှာအိမ်ပိုင်တော့ရှိပါတယ်။ပိုပိုလျှံလျှံတော့မရှိဘူးပေါ့။ဒါပေမယ့် ဦးလေးစိတ်ချမ်းသာတယ်။တစ်နှစ်ကိုတစ်ခေါက်အလှူအတန်းလေးလုပ်ဖြစ်တယ်။”လို့ ဆိုင်ရှင် ဦးကျော်ပိုက်က ပြောပါတယ်။
လိပ်စာ
ဆိုင်လေးရဲ့လိပ်စာကတော့ လှိုင် (၁၆)ရပ်ကွက်၊အရှေ့ပေ (၅၀)လမ်း၊မာလာမြိုင် (၇) လမ်းနဲ့ (၆)လမ်းကြားမှာတည်ရှိတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ အော်ကေ့ကြည် ကြိုက်နှစ်သက်တဲ့သူတွေအတွက်
ဒို့သမိုင်း အော်ကေ့ကြည် ဆိုင်လေးကိုလာခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။