• 120Hz Display ၊ 80W Fast Charging နဲ့ မြန်မာငွေ ၆ သိန်းကျော်တန် Vivo iQOO Z6

Snapdragon 778G+ SoC သုံး ခေတ်ပေါ်ဖုန်း

Vivo ရဲ့ Sub-Brand တစ်ခုဖြစ်တဲ့ iQOO စီးရီးကနေ တန်ဖိုးသင့်ဖုန်းသစ်တစ်မျိုး အိန္ဒိယဈေးကွက်မှာ ကြေညာလိုက်ပါတယ်။ 

Vivo iQOO Z6 ဟာ နိုင်ငံတကာဈေးကွက်ထဲ ဖြန့်ချိထားတဲ့ iQOO Z6 နဲ့ မတူဘဲ ကွဲပြားမှုတွေ ရှိပါတယ်။ မျက်နှာပြင်ဆိုင် ၆.၆၄ လက်မ FHD+ LCD display သုံးထားပြီး waterdrop notch နဲ့ လာပါတယ်။ ဘေးဘောင်ကို ခေတ်ပေါ်ဖုန်းတွေစတိုင် လေးထောင့်စပ်စပ် သုံးထားပြီး လက်ဗွေဖတ်စနစ်ကို ဘေးဘောင်ပါဝါခလုတ်အတွင်းမှာ ထည့်သွင်းမြှပ်နှံထားပါတယ်။ Display အနေနဲ့ 120Hz Refresh Rate ၊ 240Hz Touch Sampling Rate တို့ သုံးထားသလို DCI-P3 100% Color Gamut နဲ့ 650nits peak brightness တို့ ပါရှိပါတယ်။ 

image


ကျောဘက်မှာ ကင်မရာသုံးလုံးပါရှိပြီး ထောင်လိုက်စတုဂံပုံ ကင်မရာအိမ်ထဲမှာ OIS နဲ့ f/1.79 Lens ပါ 64MP main Sensor ၊ 2MP Depth Sensor နဲ့ 2MP Macro Lens တို့ တပ်ဆင်ထားပါတယ်။ ရှေ့ဘက် Waterdrop notch ထဲမှာ 8MP Selfie ကင်မရာထည့်ထားပါတယ်။ ဘက်ထရီပါဝါ 4500mAh အားဟာ 80W Charging စနစ်ကြောင့် ၁၀ မိနစ်အားသွင်းရုံနဲ့ အား ၅၀% သွင်းနိုင်မယ်လို့ ဆိုပါတယ်။ ဖုန်းအပူမလွန်ကဲစေဖို့ အဆင့်မြင့် Cooling System နဲ့ လာတာကြောင့် CPU အပူချိန်ကို ၁၃ ဒီဂရီလျှော့ချပေးနိုင်မှာပါ။ 

Vivo iQOO Z6 ဟာ Snapdragon 778G+ SOC နဲ့လာပြီး LPDDR5 RAM 8GB/12GB ၊ UFS 3.1 128GB နဲ့ 256GB Storage စနစ်တို့ ပါရှိပါတယ်။ microSD Card Slot မပါတာကြောင့် Storage ထပ်မြှင့်နိုင်မှာတော့ မဟုတ်ပါဘူး။ iQOO Z6 ဟာ Android 12 ကို အခြေခံထားတဲ့ OriginOS Ocean နဲ့လာပြီး Golden Orange ၊ Blue နဲ့ Black ကာလာ ၃ ရောင်နဲ့ ထွက်ထားပါတယ်။ Vivo iQOO Z6 ကို ယွမ် ၁၇၀၀ (မြန်မာငွေ ၆ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားဖို့ ရှိပါတယ်။ 

Share

Loading Next Article...
က္က