၁၈ ကာရက်ရွှေနဲ့ ဖန်တီးထားတဲ့ မြန်မာငွေ သိန်း ၉၀၀ ကျော်တန် iPhone 13 Pro Max

၉၉ လုံးပဲ ထုတ်သွားမှာပါ။

မီလျံနာတွေအတွက် luxury သီးသန့် ထုတ်ထားတဲ့ iPhone ထွက်လာပါပြီ။

           နာမည်ကြီး Luxury Accessory ကုမ္ပဏီ Caviar ကနေ ၁၈ ကာရက်ရွှေနဲ့ ဖန်တီးထားတဲ့ iPhone 13 Pro Max ကို ကြေညာလိုက်တာပါ။သီးသန့် Exclusive edition ဖြစ်ပြီး Total Gold လို့ နာမည်ပေးထားပါတယ်။ Limited Edition ဖြစ်တဲ့အတိုင်း ၉၉ လုံးပဲ ထုတ်ထားတာ ဖြစ်ပါတယ်။ စတာလင်ပေါင် ၃၅၅၁၉ ( မြန်မာငွေ သိန်း ၉၀၀ ကျော်) ဈေးနှုန်း သတ်မှတ်ထားပါတယ်။

           ၁၇ ရာစုခေတ် Baroque လက်ရာစတိုင် ထွင်းထားပြီး သီးသန့်ဖုန်းနံပါတ်တစ်ခုလည်း ထည့်ပေးထားပါတယ်။ Total Gold ဗားရှင်းက storage အစားစားနဲ့ iPhone 13 Pro ရော Pro Max ပါ ထွက်ပါတယ်။ဈေးအသက်သာဆုံး 128GB iPhone 13 Pro Total Gold မော်ဒယ်က စတာလင်ပေါင် ၃၁၃၁၉ (မြန်မာငွေ သိန်း ၈၀၀ နီးနီး) ရှိပါတယ်။ Total Gold iPhone 13 Pro Max (1TB) ကိုတော့ စတာလင်ပေါင် ၃၅၅၁၉ နှုန်းနဲ့ ရောင်းချသွားမှာပါ။

image



Photo: Daily Mail

           လန်ဒန်အခြေစိုက် Caviar ဟာ iPhone သစ် ထွက်တိုင်း တန်ဖိုးကြီး Luxury စတိုင်နဲ့ ပြန်ထုတ်ရောင်းပါတယ်။ ဒီနှစ် iPhone 13 အတွက်လည်း ဒီဇိုင်းအမျိုးမျိုး ထုတ်ရောင်းတဲ့အထဲက Total Gold က တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒီမော်ဒယ်အပြင် Gold Alligator ၊ Yatch Club ၊ Olive Rays ၊ Moon and Sun နဲ့ ရုရှားနိုင်ငံ မော်စကိုက ဘာသာရေးအဆောက်အဦတစ်ခုဖြစ်တဲ့ Cathedral of Christ the Saviour ဆိုပြီး ဒီဇိုင်းတွေပါ ထုတ်ပါတယ်။

           ၂၀၂၁ အတွက် Apple က ထုတ်လိုက်တဲ့ iPhone 13 တွေဟာ ၆၉၉ ဒေါ်လာတန် iPhone 13 mini ကနေ ၁၀၉၉ ဒေါ်လာဈေးကနေ စပြီးရောင်းမယ့် iPhone 13 Pro Max အထိ ထွက်ခဲ့ပါတယ်။ Caviar ရဲ့ Total Gold တွေကတော့ iPhone 13 Pro နဲ့ iPhone 13 Pro Max ကိုပဲ Luxury ထုတ်ကုန်အဖြစ် ပြန်ပြီး ပုံသွင်းလိုက်တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က