• Caviar ကုမ္ပဏီက မြန်မာငွေ သိန်း ၃၀၀ ကျော်တန် iPhone 12 Pro ရောင်းချမည်

တန်တယ်လို့ ခံစားဖို့ ခက်ပါလိမ့်မယ်

ရုရှားထိပ်တန်း တန်ဖိုးကြီးအသုံးအဆောင်ကုမ္ပဏီ Caviar ဟာ ဈေးကွက်ထဲ မိတ်မဆက်သေးတဲ့ iPhone 12 Pro ကို ဒေါ်လာ ၂၃၀၀၀ တန် ဖုန်းတစ်လုံးအဖြစ် ပုံပြောင်းပြီး ရောင်းချသွားတော့မှာပါ။

Caviar ဟာ Apple ဆီက iPhone တွေ ဝယ်ပြီးနောက် ကိုယ်ပိုင်ဒီဇိုင်းနဲ့ Casing တွေ ပြောင်းထုတ်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ တန်ဖိုးကြီး ရွှေနဲ့ ကျောက်မျက်ရတနာတွေ သုံးကာ အလှဆင်ထားတဲ့ Premium စမတ်ဖုန်းတွေကို Caviar ဟာ ဒေါ်လာ သောင်းချီတန်ဖုန်းတွေအဖြစ် ပြန်ထုတ်ပါတယ်။ 

image

Photo: bullfrag

အရင်ကတည်းက Caviar ဟာ ရွှေကွပ်ထားတဲ့ iPhone ၊ Samsung Galaxy Note စမတ်ဖုန်းနဲ့ Nokia ဖုန်းတွေ ထုတ်ခဲ့တာပါ။ pre-order တင်လို့ ရပြီ ဖြစ်တဲ့ Caviar iPhone 12 Pro Victory Pure Gold ဟာ ကျောဘက်ရွှေပြားပေါ်မှာ ချာမိုမိုင်းပန်းပွင့်ခက် ပုံစံ ထွင်းထားပြီး ၀.၄၈ ကာရက်စိန် ၈ လုံး တပ်ဆင်ထားပါတယ်။

ကျောဘက်မှာ ကင်မရာ ၄ လုံးတပ် ဒီဇိုင်း သုံးထားပြီး ကင်မရာရဲ့ ဘေးမှာ Caviar တံဆိပ်နဲ့ အောက်မှာ အောင်မြင်မှု (Victory) ကို ကိုယ်စားပြုတဲ့ V ပုံစံလေး ပါရှိပါတယ်။ base model 128GB storage ကို ဒေါ်လာ ၂၃၃၈၀ (မြန်မာငွေ ၃၁၇ သိန်းခန့်) နဲ့ iPhone 12 Pro Max အတွက် ဒေါ်လာ ၂၄၅၄၀ (မြန်မာငွေ သိန်း၃၃၀ ကျော်) ကျသင့်မယ်လို့ 9to5Mac က ဆိုပါတယ်။

မိကျောင်းသားရေနဲ့ ရွှေပြားခတ် ဒေါ်လာ ၅ ထောင်တန် ဗားရှင်းလည်း ထွက်ထားပြီး အောက်တိုဘာလထဲမှာ ရောင်းချသွားဖို့ စီစဉ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က