• Featured

    ၁၈ လစာချုပ်အတွက် စပါးမှာ ပေါင်သန်း ၂ဝအထိ ရရှိမယ့် ကွန်တီ

နည်းပြသစ်ဖြစ်လာဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။

နည်းပြတစ်ဦးအတွက် တော်တော်လေးကို များပြားတဲ့ လုပ်ခလစာဖြစ်ပြီး စပါးဘက်က ကွန်တီကို ခေါ်ယူနိုင်ဖို့အတွက် ဘာမဆိုပြုလုပ်သွားမယ့်အနေအထားမှာရှိနေတယ်ဆိုတာကိုလည်း မီးမောင်းထိုးပြခဲ့တာဖြစ်ပါတယ်။ 


တော့တင်ဟမ်ဟော့စပါးရဲ့နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေတဲ့ အန်တိုနီယိုကွန်တီဟာ လန်ဒန်ကလပ်နဲ့ လာမယ့်နေ့ရက်အနည်းငယ်အတွင်းမှာ သဘောတူစာချုပ်ချုပ်ဆိုတော့မယ်လို့ သတင်းဌာနအများအပြားက ဖော်ပြနေကြပြီဖြစ်ပါတယ်။ အင်တာမီလန်နဲ့လမ်းခွဲခဲ့ပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်နေတဲ့ ကွန်တီဟာ လန်ဒန်ကို နောက်တစ်ကြိမ်ရောက်ရှိလာဖို့ အနီးစပ်ဆုံးဖြစ်နေပြီး အသင်းဟောင်းချယ်လ်ဆိးရဲ့ မြို့ခံပြိုင်ဘက်ကို ကိုင်တွယ်ဖွယ်ရှိနေခဲ့ပါတယ်

image

ယူနိုက်တက်ကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြဆန်းတို့စ်ကို စပါးက ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးဖြစ်ပါတယ်။ ဒီရာသီကမှ စပါးကို ကိုင်တွယ်ခဲ့တဲ့ ဆန်းတို့စ်အပေါ် ကလပ်အသင်းဘက်က အများကြီးမျှော်လင့်ခဲ့ပြီး ရာသီအစပိုင်းမှာ အခြေနေကောင်းမွန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရလဒ်တွေကျဆင်းလာခဲ့ကာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၅ ပွဲအထိ စပါးတို့အရေးနိမ့်ခဲ့ရပါတယ်။ 

ကွန်တီကို စပါးက ၁၈ လစာချုပ်နဲ့ ခေါ်ယူမယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပြီး အဆိုပါကာလအတွက် အီတလီသားနည်းပြဟာ ပေါင်သန်း ၂၀ အထိ ရရှိမယ်လို့လည်း သိရပါတယ်။ ဒါဟာ နည်းပြတစ်ဦးအတွက် တော်တော်လေးကို များပြားတဲ့ လုပ်ခလစာဖြစ်ပြီး စပါးဘက်က ကွန်တီကို ခေါ်ယူနိုင်ဖို့အတွက် ဘာမဆိုပြုလုပ်သွားမယ့်အနေအထားမှာရှိနေတယ်ဆိုတာကိုလည်း မီးမောင်းထိုးပြခဲ့တာဖြစ်ပါတယ်။ 


ဂျူဗင်တပ်စ်၊ ချယ်လ်ဆီးနဲ့ အင်တာမီလန်တို့ကို ကိုင်တွယ်ပြီး အမှတ်ပေးချန်ပီယံဖြစ်အောင် ကွန်တီက စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒီအရည်အသွေးတွေအပေါ် လီဗိုင်းက သဘောကျနေပြီး စပါးကို အသင်းကြီးတစ်သင်းအနေအထားကနေ နောက်တဆင့်ကို တက်ရောက်နိုင်အောင် ပြုလုပ်ပေးနိုင်ဖို့လည်း မျှော်လင့်နေတာဖြစ်ပါတယ်။ ကွန်တီကို နည်းပြသစ်အဖြစ် ခန့်အပ်မယ့် အတည်ပြုသတင်းကိုတော့ မနက်ဖြန်လောက်မှာ ကြေညာနိုင်ဖွယ်ရှိတယ်လို့လည်း Matt_Law_DT က ဆိုပါတယ်။ 

Share

Loading Next Article...
က္က