• Featured

    ဆိုးလ်ရှားကြောင့် ရာထူးကထုတ်ပယ်ခံရဖို့နီးစပ်နေတဲ့ နူနိုဆန်းတို့စ်

နောက်ဆုံး လိဂ်ပွဲ ၇ ပွဲမှာ ၅ ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် စပါးတာဝန်ရှိသူတွေဟာ အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ နည်းပြနူနိုဆန်းတို့စ်ရဲ့ စွမ်းဆောင်ရည်အပေါ် ပြန်လည်သုံးသပ်ခဲ့ကြပြီး ရာထူးမှာ ဆက်လက်ထားသင့်၊ မထားသင့်ကို ဆွေးနွေးခဲ့တယ်လို့သိရပြီး ပေါ်တူဂီသားနည်းပြရဲ့

ထိုင်ခုံဟာ လှုပ်ခတ်နေပြီဖြစ်ပါတယ်။ 

image

စပါးကတော့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၄ ပွဲမှာ ၃ ပွဲအထိ အရေးနိမ့်ခဲ့ပြီး ဆန်းတို့စ်ရဲ့ နည်းစနစ်တွေအောက်မှာ စပါးကစားသမားတွေ ရုန်းကန်နေရပါတယ်။ အသင်းဥက္ကဌလီဗိုင်းကလည်း ရလဒ်ပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းအတွက် ဒေါသထွက်နေတယ်လို့ သိရပြီး အထူးသဖြင့် ပရီးမီးယားလိဂ်နောက်ဆုံး ၇ ပွဲမှာ ၅ ပွဲအထိ ရှုံးနိမ့်တဲ့အပေါ် လီဗိုင်းက အကြီးအကျယ်စိတ်ပျက်နေကာ အသင်းကို အပြောင်းအလဲတွေ မြန်မြန်ပြုလုပ်ဖို့ ဆန္ဒရှိကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

အထူးသဖြင့် ဟယ်ရီကိန်းကို အသင်းမှာ ဆက်လက်ရှိနေအောင် ကြိုးစားပေးခဲ့ပေမယ့် ဆန်းတို့စ်လက်အောက်မှာ ကစားသမားက အဆိုးဝါးဆုံးဂိုးပေါက်ပျောက်မှုတွေ၊ ခြေစွမ်းမပြနိုင်မှုတွေရှိနေကာ အခုနောက်ပိုင်းမှာဆိုရင် အသင်းအတွက် ပုံမှန်ဂိုးသွင်းပေးနေကျ ဆွန်ဟောင်မင်ဟာ ဂိုးပေါက်ပျောက်လာခဲ့ပါတယ်။ စပါးပရိသတ်တွေကလည်း နည်းပြအပြောင်းအလဲပြုလုပ်ဖို့အတွက် တောင်းဆိုနေကြပြီး ဒီအပေါ်မှာ တိုက်ရိုက်တုံ့ပြန်မှုတွေပြုလုပ်သွားဖို့အတွက် အရေးပေါ်အစည်းအဝေးကို ပြုလုပ်ခဲ့တာလို့လည်း သိရပါတယ်။ 

ဝုလ်ဗ်ကို ပရီးမီးယားလိဂ်မှာ လေးစားခံရတဲ့အသင်းတစ်သင်းဖြစ်အောင် တည်ဆောက်ပေးခဲ့တဲ့ ဆန်းတို့စ်ကို မျှော်လင့်ချက်ကြီးစွာနဲ့ စပါးက ခေါ်ယူခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထင်မှတ်သလိုဖြစ်မလာခဲ့ဘဲ မော်ရင်ဟိုလက်ထက်ကထက် ပိုမိုဆိုးဝါးတဲ့အနေအထားကို ရင်ဆိုင်နေရပြီး လက်ရှိမှာ စပါးကနည်းပြသစ်အဖြစ် ကွန်တီနဲ့ ရိုးမားနည်းပြဟောင်း ဖွန်ဆီကာတို့ကို ပစ်မှတ်ထားကာ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။ 

နည်းပြသစ်မခန့်အပ်နိုင်ခင်ကြားမှာ ပြီးခဲ့တဲ့ရာသီက ယာယီနည်းပြအဖြစ်တာဝန်ယူပေးခဲ့တဲ့ ရိုင်ယန်မေဆန်ကို တာဝန်ပေးဖွယ်လည်းရှိနေပါတယ်။ ယူနိုက်တက်ကိုရှုံးနိမ့်အပြီးမှာတော့ စပါးကွင်းလယ်လူဟိုးဘာ့ဂျ်က အသင်းရဲ့စွမ်းဆောင်ရည်အပေါ် လူသိရှင်ကြားဝေဖန်ပြောဆိုမှုတွေပြုလုပ်ခဲ့ကာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူးလို့ BBC ကို ပြောဆိုခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က