ဂူထဲမှာ ၁၂ ပေ၊ ၁၃ ပေ ရှည်ပြီးကျွန်းတစ်ပင်တည်းကနေထွင်းထားတဲ့ ခေါင်းတလားကြီးတွေရှိနေပြီး
 

ကယားပြည်နယ်က ထူးခြားဆန်းကြယ်ပြီး အဖြေရှာမရတဲ့မေးခွန်းတွေနဲ့ပြည့်နေတဲ့ ကြတ်ဂူအကြောင်း သိတဲ့လူတွေလည်း သိကြပါလိ့မ်မယ်။



ဂူထဲမှာ ၁၂ ပေ၊ ၁၃ ပေ ရှည်ပြီးကျွန်းတစ်ပင်တည်းကနေထွင်းထားတဲ့ ခေါင်းတလားကြီးတွေရှိနေပြီး ဂူအဆုံးထိ သွားဖူးသူမရှိသေးတာကြောင့် ကြတ်သီးထစရာကောင်းလွန်းလှတဲ့ ဒီကြတ်ဂူကြီးဟာ ဒေသခံတွေရဲ့ ပါးစပ်ပြောရာဇဝင် တွေအရလည်း ထူးခြားဆန်းကြယ်မှုတွေနဲ့ပြည့်လို့နေပါတယ်။

အဲဒီလိုထူးခြားဆန်းကြယ်လှတဲ့ ကြတ်ဂူကြီးကိုအခြေခံပြီး ရိုက်ကူးထားပြီးအောင်တိုင်းကျော်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ ကြတ်ဂူဆိုတဲ့ရုပ်ရှင်ဇတ်ကားကြီးကို လာမယ့်သောကြာနေ့ နိုဝင်ဘာလ၊ ၁၆ ရက်နေ့ဆိုရင် ရုံတင်ပြသတော့မယ်လို့ သိရပါတယ်။

ဒါရိုက်တာလူမင်းတာဝန်ယူရိုက်ကူးပြီး လူမင်း၊မြင့်မြတ်၊ ကျော်ထက်အောင်၊ ထွန်းအိန္ဒြာဗိုလ်၊ အိန္ဒြာကျော်ဇင် တို့ပါဝင်သရုပ်ဆောင်ထားတဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ ဇာတ်လမ်းအကြောင်းအရာအရရော၊ ရိုက်ကူးတင်ပြပုံတွေအရပါ တမူထူးခြားတဲ့ရုပ်ရှင်ဇာတ်ကားတစ်ကားဆိုတာ ထွက်ပေါ်လာတဲ့ဗွီဒီယိုဖိုင်တွေမှာတင်ပေါ်လွင်လို့နေပါတယ်။

သာမန် ချစ်ကြိုက်ကွဲညား ဆိုတဲ့ဇာတ်လမ်းမျိုးတွေကို စိတ်မဝင်စားဘဲ ထူးခြားမှုတွေ၊ သဘာဝလွန်ဖြစ်ရပ်တွေကိုမှ စိတ်ဝင်စားတတ်တဲ့ပရိသတ်တွေအကြိုက်တွေ့မယ့် ရုပ်ရှင်ကားတစ်ကားဖြစ်မှာအသေအချာပါပဲ။

သရုပ်ဆောင်ပိုင်းမှာလည်း နာမည်ကျော်ဝါရင့်သရုပ်ဆောင်တွေချည်းပဲဖြစ်တာကြောင့် ပီပြင်လှသလို ဇာတ်လမ်းကျောရိုးကလည်း စိတ်ဝင်စားစရာဖြစ်တာကြောင့် ဘာများဖြစ်မလဲဆိုပြီး ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားနိုင်မယ့် ရုပ်ရှင်ကားတစ်ကားဖြစ်လိမ့်မယ်လို့ ကြိုတင်ရင်ခုန်နေမိပါတယ်။

ကဲ...ဒါကြောင့် နိုဝင်ဘာ၊ ၁၆ ရက်၊ လာမယ့်သောကြာနေ့မှာ မြန်မာနိုင်ငံတဝမ်းကရုပ်ရှင်ရုံကြီးတွေမှာ ရုပ်ရှင်ရုံကြီးတွေမှာ ရုံတင်ပြသတဲ့အခါ ကြည့်ဖြစ်အောင်သွားကြည့်ကြဖို့ အကြံပြုတိုက်တွန်းလိုက်ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က