• “အာဆင်နယ်က စာချုပ်ဖျက်သိမ်းလိုက်တာကို ချဲလ်ဆီးက ပိုက်ဆံပေးခေါ်တယ်ဆိုတာလား” - ကာရေဂါ

အူဘာမီးယန်းနဲ့ပတ်သက်လို့ ကာရေဂါက သုံးသပ်ခဲ့တာပါ။

လီဗာပူးဂန္တဝင်နောက်ခံလူဟောင်း ကာရေဂါက အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဘာစီလိုနာကနေ ချဲလ်ဆီးကို ပြောင်းရွှေ့သွားတဲ့ တိုက်စစ်မှူး အူဘာမီးယန်းနဲ့ပတ်သက်လို့ ကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်ကြောင်း၊ အချို့ကတော့ ဒီအပေါ်မှာ မေးခွန်းထုတ်နေကြပေမယ့် တူဟယ်လ်နဲ့ချဲလ်ဆီးအတွက် ကောင်းမွန်ကြောင်း ပြောကြားခဲ့ပါတယ်။

image

ချဲလ်ဆီးဟာ အူဘာမီးယန်းကို ပြီးခဲ့တဲ့သြဂုတ်တလလုံး ကြိုးစားခဲ့ရတာဖြစ်ပြီး အပြောင်းအရွှေ့ နောက်ဆုံးရက်ရောက်မှ ယူရို (၁၄) သန်းအပြင် မားကို့စ်အလွန်ဆိုကိုပါ အလိုက်ပေး ကမ်းလှမ်းကာ ခေါ်ယူခဲ့တာပါ။ အူဘာမီးယန်းဟာ ချဲလ်ဆီးမှာ ကျောနံပါတ် (၉) ကို ဝတ်ဆင်ကစားသွားမှာဖြစ်ပါတယ်။ အူဘာမီးယန်းနဲ့ပတ်သက်လို့ ကာရေဂါက “အာဆင်နယ်က အလွတ်ပြောင်းရွှေ့ကြေးနဲ့လက်လွှတ်လိုက်တဲ့ ကစားသမားကို တနှစ်အကြာမှာ ချဲလ်ဆီးတို့ ပိုက်ဆံပေးခေါ်တဲ့အပေါ် လူတွေက မေးခွန်းထုတ်ကောင်းထုတ်မှာပါ”

“ဒါပေမယ့် တူဟယ်လ်နဲ့ချဲလ်ဆီးအတွက် ကောင်းမွန်တဲ့ခေါ်ယူမှုလို့ ကျနော်ထင်ပါတယ်။ အာတီတာဘက်ကကြည့်ရင်လည်း အခု အာဆင်နယ်ရောက်နေတဲ့အနေအထားအရ မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါပဲ။ အူဘာမီးယန်းက ဂိုးတွေသွင်းနိုင်တာ၊ အရည်အချင်းရှိတာကို ကျနော်တို့လည်း သိကြပါတယ်”

“ဒါပေမယ့် တခါတလေ ကွင်းပြင်ပနဲ့ အဝတ်လဲခန်း အခြေအနေတွေဆိုတာရှိပါတယ်။ အာတီတာက ဒါကို လက်မခံနိုင်ခဲ့ပါဘူး။ တူဟယ်လ်ကတော့ ဒေါ့မွန်မှာတည်းက အူဘာမီးယန်းအကြောင်းကို ကောင်းကောင်းသိထားတော့ ဒါကပုံမှန်ပဲဖြစ်မှာပါ။ အူဘာမီးယန်း ပရီးမီးယားလိဂ်ကို ပြန်ရောက်လာတာ ကျနော် ဝမ်းသာပါတယ်”

“ဘာကြောင့်လဲဆိုတာ့ သူက ထူးချွန်ကောင်းမွန်တဲ့ ကစားသမားတယောက်ဖြစ်တာကြောင့်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ အူဘာမီးယန်းဟာ ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့ကမှ အာဆင်နယ်နဲ့ စာချုပ်ဖျက်သိမ်းပြီး ဘာစီလိုနာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ ဒါပေမယ့် အခုချိန်မှာတော့ ချဲလ်ဆီးက ဒီကစားသမားကို ပြောင်းရွှေ့ကြေးအပြင် ကစားသမား အလိုက်ပေးခေါ်ယူခဲ့ရပြီး ဒီအပေါ်မှာ ချဲလ်ဆီးပရိသတ်အချို့ကတော့ ကစားသမားရဲ့အသက်အရွယ်ကြောင့်ပါ မေးခွန်းထုတ် ဝေဖန်နေကြတာပါ။  

Share

Loading Next Article...
က္က