• အာဆင်နယ်ကို လာဖို့ အစောကြီးကတည်းက အထုပ်ပြင်ပြီးသားဆိုတဲ့ ကာလာဖီအိုရီ

အာဆင်နယ်ကို ပြောင်းဖို့ ဆုံးဖြတ်ချက် ခိုင်မာခဲ့တာပါ။

အာဆင်နယ်ကို ပူပူနွေးနွေးရောက်ရှိလာခဲ့တဲ့ ကာလာဖီအိုရီရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အာဆင်နယ်နည်းပြ အာတီတာက ဖွင့်ဟလာခဲ့ပါတယ်။ အဆိုပါ အီတလီနောက်ခံလူဟာ မနေ့က အာဆင်နယ် ကစားသမားအဖြစ် တရားဝင်မိတ်ဆက်ခဲ့ပါတယ်။

image

အီတလီ လက်ရွေးစင် နောက်ခံလူဟာ အာဆင်နယ်နဲ့ (၅) နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုမှာဖြစ်ပြီး ကျောနံပါတ် (၃၃) ကို ဝတ်ငဆင်သွားမယ်လို့ သိရှိရပါတယ်။ သူ့ကို အာဆင်နယ်ဆီ ပြောင်းရွှေ့လာဖို့အတွက် ဂျော်ဂျင်ဟိုက စည်းရုံးသိမ်းသွင်းခဲ့သလို သူကိုယ်တိုင်ကလည်း အရင်ကတည်းက ဆုံးဖြတ်ပြီးသားပါ။

image

ဒီကစားသမားနဲ့ပတ်သက်လို့ အာတီတာက “ကျနော် ကာလာဖီအိုရီနဲ့ တစ်ခါ၊ နှစ်ခါလောက် စကားပြောခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်မှာ ကျနော်တို့ သူ့ကို ခေါ်နိုင်၊ မခေါ်နိုင် မသေချာသေးပါဘူး။ သူ့ရဲ့ ဆုံးဖြတ်ချက်က အဲ့ဒီအချိန်ကတည်းက ခိုင်မာနေပါပြီ။ ကျနော့်ကိုလည်း ခင်ဗျားတို့ အဆင်သင့်ဖြစ်ရင်သာ ပြောလိုက်တဲ့”

“ကျနော့်အထုပ်တွေပြင်ပြီးသား။ အာဆင်နယ်ကို ပြောင်းလာလိုက်ရုံပဲတဲ့။ ဒါတွေက ကာလာဖီအိုရီ ပြောခဲ့တဲ့ စကားတွေပါ” လို့ ပြောကြားခဲ့ပါတယ်။ ကာလာဖီအိုရီဟာ ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် လီဗာပူးနဲ့ ရာသီကြိုခြေစမ်းပွဲမှာ အာဆင်နယ်အတွက် ပါဝင်ကစားသွားဖွယ်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က