• အာဆင်နယ်ကြယ်ပွင့်လေး ရောက်လာလို့ အသင်းရဲ့ လူငယ်ကို ယူနိုက်တက်ပရိသတ်တွေစိုးရိမ်

အိုဘီမာတင်က အသင်းကြီးမှာ အခွင့်အရေးရမှာပါ။

ယူနိုက်တက်ပရိသတ်တွေဟာ အာဆင်နယ်ကနေ ရောက်ရှိလာခဲ့တဲ့ အိုဘီမာတင်ကြောင့် အသင်းမှာရှိပြီးသား လူငယ်တိုက်စစ်ကြယ်ပွင့် ဝှိုက်လေအတွက် စိုးရိမ်နေကြကြောင်း သိရှိရပါတယ်။ ယူနိုက်တက်ဟာ အိုဘီမာတင်ကို အကောင်းဆုံး စည်းရုံး သိမ်းသွင်းပြီး ခေါ်ယူခဲ့တာပါ။

image

အသက် (၁၆) နှစ်အရွယ် အိုဘီမာတင်ဟာ အာဆင်နယ်အတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ ကစားသမားဖြစ်ပြီး ယူ-၁၈ အသင်းနဲ့အတူ လီဗာပူးကို တစ်ပွဲတည်း (၁၀) ဂိုးအထိ သွင်းယူခဲ့ဖူးပါတယ်။ အာဆင်နယ်ကလည်း သူ့ကို ဆက်ထိန်းဖို့ ကြိုးစားခဲ့ပါသေးတယ်။

image

ဒါပေမယ့် ယူနိုက်တက်ဘက်က အသင်းကြီးမှာ ပါဝင်ခွင့်အတွက် စည်းရုံးသိမ်းသွင်းခဲ့ပြီး အိုဘီမာတင်က အခြားသော ကမ်းလှမ်းမှုတွေရှိခဲ့သည့်တိုင် ယူနိုက်တက်ကိုပဲ ရွေးချယ်သွားခဲ့တာပါ။ ယူနိုက်တက်တိုက်စစ်ပိုင်းမှာ ဝှိုက်လေကလည်း အသင်းကြီးကို တက်လှမ်းဖို့ ပြင်ဆင်နေတာပါ။

အခု အိုဘီမာတင် ရောက်လာတာက ဒါကို အကျိုးသက်ရောက်မှုရှိနိုင်ပြီး ယူနိုက်တက်ပရိသတ်တွေက ဝှိုက်လေရဲ့ ယူနိုက်တက်ကစားသမားဘဝ အဆုံးသတ်သွားမှာကို စိုးရိမ်နေကြပါတယ်။ ယူနိုက်တက်ဟာ တန်ဟက်ခ်လက်ထက်မှာ အကယ်ဒမီ ကစားသမားတစ်နှစ် တစ်ယောက်ကို အသင်းကြီးထံ ဆွဲတင်ပြီး အရောင်တင်ပေးနေတာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က