• အာရှအားကစားပွဲတော်မှာ လေ့ကျင့်ရေးကွင်းအခက်အခဲနဲ့ မြန်မာအသင်း ကြုံတွေ့နေ

အိမ်ရှင်က ပေးတဲ့ လေ့ကျင့်ရေးကွင်းက ဟိုတယ်ကနေ ၃ နာရီဝန်းကျင်လောက်သွားရတယ်လို့သိရပါတယ်။

အာရှအားကစားပွဲတော်ကို အင်ဒိုနီးရှားက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာ ဖြစ်ပြီး မြန်မာအသင်းကို ပေးထားတဲ့ လေ့ကျင့်ရေးကွင်းက တည်းခိုရာဟိုတယ်နဲ့ အင်မတန် ဝေးလွန်းတယ်လို့သိရပါတယ်။

image

Photo - MFF

 

အာရှအားကစားပွဲတော်ကို အင်ဒိုနီးရှားအသင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပြီး မနက်ဖြန်မှာဆိုရင်တော့ မြန်မာအသင်း ယူ-၂၃ အမျိုး သားဘောလုံးအသင်းက အဖွင့်ပွဲစတင်ကစားပါတော့မယ်။

မြန်မာ ယူ-၂၃ အသင်းအနေနဲ့ ပြိုင်ပွဲအလို ၂ ရက်ကြိုတင်ပြီး အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပြီး ပထမနေ့မှာတော့ အသင်းတည်းခိုရာ ဟိုတယ်ကနေ ၃နာာရီလောက်ကြာအောင်သွားရတဲ့ လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ခဲ့ပါတယ်။

Photo - MFF

 

ဒီကနေ့မှာတော့ သွားလာရေး အင်မတန်ဝေးလွန်းလှတဲ့ လေ့ကျင့်ရေးကွင်းကို မသွားနိုင်တော့ပဲ အသင်းတည်းခိုရာ ဟိုတယ်အနီးရှိ ကွင်းငယ် လေးတစ်ခုမှာပဲ လေ့ကျင့်ရေးဆင်းခဲ့တယ်လို့ သိရပါတယ်။

ဒီလို လေ့ကျင့်မှုကိုတော့ မြန်မာအသင်းတစ်သင်းတည်းမဟုတ်ပဲ မြန်မာအသင်းနဲ့ တစ်အုပ်စုတည်းကျရောက်နေတဲ့ အခြားသော အသင်းတွေ လည်း မိမိတို့ ကိုယ်ပိုင်အစီအစဉ်နဲ့သာ လေ့ကျင့်မှုတွေ ပြုလုပ်ကြတော့တယ်လို့လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ သတင်းထုတ်ပြန်ချက် အရသိရပါတယ်။

Photo - Indonesia Football News

 

အင်ဒိုနီးရှားအသင်းအနေနဲ့ ပြိုင်ပွဲဝင် နိုင်ငံအသင်းတွေကို လေ့ကျင့်ရေးကွင်းများ၊သွားလာရေးအတွက် ကားများ စီစဉ်ပေးထားသော်လည်း အသင်းများ တည်းခိုတဲ့ ဟိုတယ်နဲ့ ဝေးလံပြီး၊ကားလမ်းများပိတ်ဆို့မှုလည်း ရှိတာကြောင့် လေ့ကျင့်ရေးကွင်းကို ရောက်ဖို့ အချိန်များစွာ ယူရသလို တည်းခိုရာဟိုတယ်ကို ပြန်ဖို့လည်း အချိန်များစွာ ယူရတာကြောင့် ပထမနေ့မှာ ခရီးပန်းမှုများစွာဖြစ်ပေါ်ခဲ့တယ်လို့လည်းသိရပါတယ်။

မြန်မာအသင်းတို့ အုပ်စု(f) အသင်းတွေနည်းတူ ပြီးခဲ့တဲ့ တစ်ရက်က ဗီယက်နမ် လက်ရွေးစင်အသင်းလည်း ခံစားခဲ့ရပြီး ၎င်းတို့ကို ပေးထားတဲ့ လေ့ကျင့်ရေးကွင်းမှာ ဝေးလွန်းပြီး လမ်းပိတ်ဆို့မှုတွေ ရှိလို့ မသွားတော့ပဲ အသင်းတည်းခိုရာ ဟိုတယ်အနီးမှာရှိတဲ့ လေ့ကျင့်ရေး ကွင်းငယ်လေး မှာပဲ လေ့ကျင့်တဲ့ ပုံတွေ ပေါ်လာခဲ့ပါတယ်။

ဒီဓာတ်ပုံကြောင့် အင်ဒိုနီးရှားနိုင်ငံကို ဗီယက်နမ် ဗီဒီယာတွေက ရှုံ့ချခဲ့ပေမယ့်လည်း အင်ဒိုနီးရှားမီဒီယာတွေကတော့ ၎င်းတို့ နိုင်ငံက ပြိုင်ပွဲဝင် နိုင်ငံတွေကို လေ့ကျင့်ရေး အသုံးအဆောင် အဆင်ပြေစွာ စီစဉ်ပေးထားသလို ဝေးတဲ့ခရီးအတွက်ကြောင့်လည်း ဘတ်စ်ကစားများ စီစဉ်ပေးထား ပြီးသားလို့ ပြန်လည်ချေပ ဖော်ပြခဲ့ပါတယ်။

မြန်မာအသင်းကတော့ မနက်ဖြန်မှာ မြောက်ကိုရီးယားအသင်းနဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲအချိန်မှာ ကစားရမှာ ဖြစ်ပြီး မပြည့်ဝတဲ့ လေ့ ကျင့်မှုတွေက ဘယ်လောက်ထိ တုံ့ပြန်မှု ပေးနိုင်မလဲ စိုးရိမ်စွာစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က