• အာရှအားကစားပြိုင်ပွဲဝင်မယ့်အသင်းမှာ အဓိက ကစားသမား (၃)ဦးဒဏ်ရာရရှိနေ

အာရှပွဲအတွက် ဆက်လက်ပြင်ဆင်တဲ့အနေနဲ့ ထိုင်းနိုင်ငံက ထိုင်းကလပ် Police Tero အသင်း နဲ့ ခြေစမ်းပွဲ ဆက်လက်ကစားသွားအုံးမှာ ဖြစ်ပါတယ်။

အာရှအားကစားပွဲတော် အမီ ပြန်လည် ကြံ့ခိုင်လာနိုငမလားဆိုတာကိုတော့ စောင့်ကြည့်လျက်ရှိနေပြီး ထိုင်းနိုင်ငံ ခြေစမ်းပွဲကိုတော့ ခေါ်ဆောင် သွားမယ်လို့ သိရပါတယ်။

image
 

အာရှအားကစားပွဲတော်ကို ယှဉ်ပြိုင်ကစားမယ့် မြန်မာ ယူ-၂၃ အသင်းအနေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့နဲ့ ၅ ရက်နေ့အထိ Alpine Cup 2018 ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

တရုတ်ဖိတ်ခေါ်ပြိုင်ပွဲဝင်မယ့် မြန်မာယူ-၂၁ 

ဒီပွဲမှာ မြန်မာ ယူ-၂၃ အသင်းက တောင်ကိုရီးယား ယူ-၁၉ ၊ ဘာရိန်း ယူ-၂၃ နဲ့ ထိုင်းယူ-၂၃ အသင်းတို့ကို ဖိတ်ခေါ်ကစားခဲ့ပြီး မြန်မာ အသင်း ကတော့ တစ်ပွဲနိုင်၊တစ်ပွဲရှုံး၊တစ်ပွဲသရေကျပြီး ရမှတ် ၄ မှတ်ရရှိကာ ဒုတိယငွေတံဆိပ် ရရှိခဲ့ပါတယ်။

မြန်မာအသင်းကိုတော့ ဂျာမန် လူမျိုး နည်းပြ အန်တွန်နီဟေးက တာဝန်ယူကိုင်တွယ်ခဲ့ပြီး မြန်မာအသင်းမှာတော့ အဓိက ကစားသမားတွေ ဖြစ် တဲ့ အောင်သူ၊မောင်မောင်လွင်၊ရန်နိုင်ဦး စတဲ့ ကစားသမားတွေအပြင် အသက်ကျော် ကစားသမား ၄ ဦးကိုလည်းခေါ်ယူထားခဲ့ပါတယ်။

လက်ရှိမှာတော့ Alpine Cup 2018 ပြိုင်ပွဲပြီးလို့ အာရှပွဲအတွက် ဆက်လက်ပြင်ဆင်တဲ့အနေနဲ့ ထိုင်းနိုင်ငံက ထိုင်းကလပ် Police Tero အသင်း နဲ့ ခြေစမ်းပွဲ ဆက်လက်ကစားသွားအုံးမှာ ဖြစ်ပါတယ်။

ခြေစမ်းပွဲကစားဖို့ မနက်ဖြန်မှာ ထိုင်းနိုင်ငံကို ထွက်ခွာမှာ ဖြစ်ပြီး လက်ရှိမှာတော့ အဓိက ကစားသမား ၃ ဦးဖြစ်တဲ့ မောင်မောင်လွင်၊စည်သူ အောင်နဲ့ အီစိုးတို့ ၃ ဦး ဒဏ်ရာတွေ ရနေကြတယ်လို့ နည်းပြချုပ် အန်တွန်နီဟေးက ပြောပါတယ်။

မောင်မောင်လွင်ကတော့ ဒူးဒဏ်ရာရနေတယ်လို့ သိရပြီး စည်သူအောင်နဲ့ အီစိုးတို့ကတော့ ခြေဖနောင့် ဒဏ်ရာတွေ ရရှိနေတာလို့လည်း သိရ ပါတယ်။

မောင်မောင်လွင်က Alpince Cup 2018 ပြိုင်ပွဲမှာ ၃ ပွဲစလုံး ပွဲထွက်ကစားခဲ့သူဖြစ်ပြီး အသင်းကို အကောင်းဆုံး ပံ့ပိုးပေးခဲ့သူ ဖြစ်သလို စည်သူ အောင်နဲ့ အီစိုးတို့ကလည်း အသင်းမှာ အားထားရတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။

လက်ရှိတော့ အသင်းကို ၂၄ ယောက်နဲ့ ဆက်လက်စုဖွဲ့ထားပြီး ဒီကစားသမား ၃  ယောက်ရဲ့ ဒဏ်ရာအခြေအနေကို ကုသပေးလျက်ရှိနေကာ အာရှပွဲ ကစားနိုင်မလားဆိုတာကိုတော့ အခုချိန်မှာ မပြောနိုင်သေးဘူးလို့လည်း နည်းပြချုပ်က ပြောပါတယ်။

အာရှအားကစားပွဲတော်ကိုတော့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ သြဂုတ်လ ၁၈ ရက်နေ့ကနေ စက်တင်ဘာလ ၂ ရက်နေ့အထိ ကျင်းပသွား မှာ ဖြစ်ပြီး မြန်မာဘောလုံးအသင်းကတော့ အုပ်စုတွင်းမှာ မြောက်ကိုရီးယား၊အီရန်၊ဆော်ဒီအာရေဗျအသင်းတို့နဲ့ ကျရောက်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က