• အင်္ဂလန်ထက် ပိုကောင်းတဲ့အသင်းနဲ့တွေ့ရင် အာနိုးလ်တစ်စစီဖြစ်သွားမယ်လို့ ရွိုင်ကိန်းပြော

အာနိုလ်းနဲ့ပတ်သက်လို့ ဝေဖန်ခဲ့တာပါ။

ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းကြီး ရွိုင်ကိန်းက ဆာဘီးယားနဲ့ ကစားခဲ့တဲ့ ယူရိုအုပ်စုအဖွင့်ပွဲက အင်္ဂလန် ကစားသမား အာနိုးလ်ရဲ့ခြေစွမ်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဒီပွဲမှာ အင်္ဂလန်က တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။

image

အင်္ဂလန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲကစားချိန် (၁၃) မိနစ်မှာ ဘယ်လင်ဟမ်က ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ တစ်ပွဲလုံးခြုံကြည့်လိုက်ရင်တော့ အင်္ဂလန်ရဲ့ ခြေစွမ်းက အားရစရာမရှိခဲ့ဘဲ ပရိသတ်တွေကလည်း အင်္ဂလန်ရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့ ပြစ်တင်ဝေဖန်နေကြပါတယ်။

image

ဒီပွဲမှာ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က အာနိုးလ်ကို ကွင်းလယ်နေရာမှာ ပွဲထွက်ကစားစေခဲ့ပါတယ်။ ဆောက်ဂိတ်ဟာ အာနိုးလ်ကို ကွင်းလယ်မှာ စမ်းသပ်သုံးစွဲခဲ့ဖူးပါတယ်။ အဲ့ဒီနောက် ယူရိုအပြီးသတ်လူစာရင်းအတွက်လည်း အာနိုးလ်ကို ကွင်းလယ်မှာပဲ ရွေးချယ်လာခဲ့တာပါ။

ဒါပေမယ့် ဆာဘီးယားနဲ့ပွဲမှာ အာနိုးလ်က ကွင်းလယ်မှာ ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိဘဲ ဒုတိယပိုင်းမှာတော့ အခြားသော ကွင်းလယ်လူ ဂယ်လာဂါနဲ့ လူစားလဲခဲ့ရပါတယ်။ အာနိုးလ်နဲ့ ပတ်သက်လို့ ရွိုင်ကိန်းက “ကျနော့်အထင်ပြောရရင် အင်္ဂလန်သာ ပိုကောင်းတဲ့ ကွင်းလယ်နဲ့ တွေ့ရရင် အာနိုးလ်က တစ်စစီဖြစ်သွားပါလိမ့်မယ်” လို့ ဝေဖန်ခဲ့တာပါ။

အင်္ဂလန်ဟာ အုပ်စုအဆင့်မှာ ဆာဘီးယားကို အနိုင်ရရှိခဲ့ပြီးနောက် ဒိန်းမတ်၊ ဆလိုဗေးနီးယားတို့နဲ့ ဆက်လက် ရင်ဆိုင်ကစားရဦးမှာပါ။ ဒီပွဲတွေမှာရော ဆောက်ဂိတ်တစ်ယောက် အာနိုးလ်ကို ကွင်းလယ်မှာပဲ ဆက်သုံးဦးမလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။

Share

Loading Next Article...
က္က