• အခွီဇယားခင်းရမယ့် ဟီးဟီးဟားဟား ရုပ်ရှင်ဇာတ်ကားကြီးကို အကြိုရင်ခုန်ကြည့်ခြင်း

အခွီတစ်လိုင်း ဆိုတဲ့သူတွေအတွက် မျက်စိကျချင်စရာပါပဲ။
image
 

ဒီတစ်ပတ်သောကြာ ရုံတင်မယ့်ဇာတ်ကားအသစ်ထဲမှာ ဟီးဟီးဟားဟား ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကတော့ အခွီတစ်လိုင်း ဆိုတဲ့သူတွေအတွက် မျက်စိကျချင်စရာပါပဲ။

သရုပ်ဆောင်တွေကို ရှိုးလိုက်တော့လည်း မင်းသားနဲ့မင်းသမီးက လက်တလောပရိသတ်တွေကြား ရေပန်းအစားဆုံးနဲ့ ပရိသတ်တွေကိုဟဒယရွှင်ဆေးတိုက်ကျွေးရာမှာ ပီပြင်လှတဲ့ မြင့်မြတ်နဲ့ ရွှေမှုန်ရတီ ..နောက်ပြီး တက္ကသိုလ်ဂွမ်းပုံ၊ ညောင်ညောင်၊ငှက်ပျောကြော်၊ ဂွမ်းပုံကြီး၊ ကစ်ကစ်နဲ့ ပရိသတ်တွေအချစ်တော် ဟာသသရုပ်ဆောင်တွေအများကြီးနဲ့ ဆိုတော့ မခွီရမှာပူနေစရာရိုမလိုတော့ဘူး။

image
 

ဇာတ်လမ်းကတော့ မသန်းမဟုတ်ဘူး....ဓါးပြဗိုလ်မလေးဘင်လာခင်(ရွှေမှုန်ရတီ) နဲ့ ဂျင်းကောင် (မြင့်မြတ်) တို့ တွေ့ပြီး တစ်ကားလုံးတစ်ချက်မှမပျင်းရအောင် တဝါးဝါး...တဟားဟားနဲ့ပွဲကျရမယ့်ဇာတ်လမ်း။

ဇာတ်လမ်းနဲ့ဇာတ်ညွှန်းက အခုတလောပရိသတ်အကြိုက်ဟာသကားတွေတစ်ကားပြီးတစ်ကားရေးသားနေတဲ့ ရာဇဝင်ကို၊ ဒါရိုက်တာကလည်း ပြည်ဟိန်းသီဟ ဆိုတော့ အလွဲတွေကြားက ဟာသတွေကို တစ်ဝကြီးကြည့်ရမှာ။

 

ကဲ...ဒီတော့ အာရုံတွေနောက်နေလို့ အခွီဇယားလေးခင်းချင်တယ်ဆိုရင် မနက်ဖြန် သြဂုတ်လ၊ ၃၁ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးကရုပ်ရှင်ရုံကြီးတွေမှာ ရုံတင်တော့မယ့် ဟီးဟီးဟားဟားရုပ်ရှင်ဇာတ်ကားကြီးကိုသာ ပြေးကြည့်လိုက်တော့ ဓူဝံပရိသတ်ကြီးရေ။


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က