• ရုံတင်တဲ့ပထမဆုံးနေ့မှာပဲ ပရိသတ်တွေရဲ့ရုံပြည့်ရုံလျှံအားပေးမှုကို ရရှိသွားတဲ့ အဆိုတော်တွေနေတဲ့ရွာ ရုပ်ရှင်ဇာတ်ကားကြီး

ပထမဆုံးရုံစတင်တဲ့ သြဂုတ်လ ၂၄ နေ့မှာပဲ ပရိသတ်တွေရဲ့ ရုံပြည့်ရုံလျှံအားပေးမှုကို ရရှိခဲ့တာပါ။
image
 

နမူနာဗွီဒီယိုတွေ၊ ပိုစတာတွေနဲ့တင် ပါးစပ်မစေ့အောင်ရယ်နေရမယ့်ရုပ်ရှင်ဇာတ်ကားတစ်ကားဆိုတာ ပေါ်လွင်နေတဲ့ အဆိုတော်တွေနေတဲ့ရွာ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပထမဆုံးရုံစတင်တဲ့ သြဂုတ်လ ၂၄ နေ့မှာပဲ ပရိသတ်တွေရဲ့ ရုံပြည့်ရုံလျှံအားပေးမှုကို ရရှိလို့သွားခဲ့ပါတယ်။

လူတွေကြားထဲမှာ အဆိုပြိုင်ပွဲတစ်ခုနဲ့ပတ်သက်လို့ လူမှုကွန်ယက်မီဒီယာတွေထက်မှာ ဆွေးနွေးဝေဖန်မှုတွေများခဲ့ကြတာ အားလုံးအသိပါပဲ။

အဲဒီလို ငြင်းခုန်ဝေဖန်မှုတွေမစဲသေးခင်မှာပဲ အဆိုပြိုင်ပွဲတွေ၊ ဂီတကိုရူးသွပ်မှုတွေနဲ့ပတ်သက်လို့ အငြိုးတွေ၊ အာဃာတတွေပြေပျောက်ပြီး ရယ်စရာအဖြစ်ပေ့ါပေါ့ပါးပါးခံစားရမယ့် အဆိုတော်တွေနေတဲ့ရွာရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်လိုက်တာကြောင့် ခေတ်ရဲ့လိုအပ်မှုနဲ့ကွက်တိဖြစ်ပြီး အခုလို ပရိသတ်တွေရဲ့အားပေးမှုကို ရရှိသွားခဲ့တာလို့ သုံးသပ်ရပါတယ်။

 

အဆိုတော်တွေနေတဲ့ရွာရုပ်ရှင်ဇာတ်ကားကြီးကို ဇာတ်လမ်းနဲ့ ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးတဲ့ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ မြန်မာသရုပ်ဆောင်တွေထဲက ဟာသဇာတ်ရုပ် သရုပ်ဆောင်ရာမှာ ပီပြင်အသက်ပါလှတဲ့ မင်းမော်ကွန်း၊ ဇေရဲထက်၊ မြန်မာပြည်သိန်းတန်၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ မို့မို့မြင့်အောင်၊ ရွှေမှုန်ရတီတို့ ပါဝင်သရုပ်ဆောင်ထားပြီး ဝါဝါအောင်၊ မျိုးမျိုးခိုင်၊ ဇော်ဇော်အောင် တို့လို ဇာတ်ပို့၊ဇာတ်ရံတွေနဲ့အားဖြည့်ထားတာကြောင့် ဟာသကားကြိုက်သူတွေ လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပါ။

 

ရောခ်အဖွဲ့၊ ပန့်ခ်အဖွဲ့၊ ဟစ်ဟော့ပ်အဖွဲ့ စတဲ့ ဂီတအမျိုးအစားအလိုက် အကြိုက်တူရာအဖွဲ့တွေကွဲနေကြတဲ့ မိုက်ခဲရွာမှာ မိုက်ခဲရွာအိုက်ဒေါသီချင်းဆိုပြိုင်ပွဲကြီးကျင်းပတဲ့အခါ ဘယ်လိုအလွဲတွေဖြစ်ကြမလဲဆိုတာကို တဝါးဝါး၊တဟားဟားနဲ့ကြည့်ရှုရင်း ကြည်နူးစရာအချစ်ဇာတ်လမ်းလေးကိုပါ ဒီရုပ်ရှင်မှာခံစားရဦးမှာပါ။

မြန်မာနိုင်ငံမြို့ကြီးတွေအသီးသီးက ရုပ်ရှင်ရုံကြီးတွေမှာ ရုံတင်ပြသနေပြီး ရုံစတင်တဲ့နေ့ကတည်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုရရှိနေတဲ့ အဆိုတော်တွေနေတဲ့ရွာဇာတ်ကားကြီးကိုလက်မလွှတ်တမ်းသွားရောက်အားပေး ကြည့်ရှုလိုက်ကြပါဦး။


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က