• အချက်အလက်မူ ချိုးဖောက်မှုအတွက် Facebook ဒေါ်လာသန်းပေါင်းများစွာ ဒဏ်တပ်ခံရဖို့ရှိ

ယူကေကလည်း ပေါင် ၅ သိန်း ဒဏ်ရိုက်ထားပါတယ်။

     အမေရိကန်အစိုးရအာဏာပိုင်တွေအနေနဲ့ Facebook ကို အနည်းဆုံး ဒေါ်လာသန်း ၂၀ ကျော် ဒဏ်ရိုက်သွားဖို့ရှိပါတယ်။

image

         Washington Post သတင်းအရ Facebook ဟာ အစိုးရနဲ့၂၀၁၂ ခုနှစ်က သဘောတူညီထားတဲ့ သုံးစွဲသူ အချက်အလက် ကာကွယ်ရေးမူကို ချိုးဖောက်ခဲ့ဖွယ် ရှိတယ်လို့ဖော်ပြထားပါတယ်။ ဖက်ထရယ်ကုန်သွယ်ရေး ကော်မရှင် FTC ဟာ Google ကုမ္ပဏီကို ၂၀၁၂ ခုနှစ်ကလည်း အချက်အလက်ရေးရာ ချိုးဖောက်မှုနဲ့ဒေါ်လာ ၂၂.၅ သန်း ဒဏ်တပ်ခဲ့တာပါ။

         Facebook ကိုတော့ ဒီပမာဏထက် ပိုပြီး ဒဏ်ရိုက်သွားဖို့ရှိတယ်လို့Washington Post က ဆိုပါတယ်။ တစ်နည်းအားဖြင့် FTC ဟာ Facebook ကို စံချိန်တင် ဒဏ်တပ်မှု ပြုလုပ်သွားမယ့် သဘော ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ UK အာဏာပိုင်များဟာ Cambridge Analytica ဖြစ်ရပ်နဲ့ဆက်စပ်ပြီး ပေါင် ၅ သိန်း ဒဏ်ရိုက်ခဲ့ပါတယ်။

         ဗြိတိန် သတင်းအချက်အလက် ကော်မရှင်နာရုံး ICO ကနေ အချက်အလက်ကာကွယ်ရေးအက်ဥပဒေ ၂ ရပ်ကို ချိုးဖောက်မှုနဲ့ဒဏ်တပ်လိုက်တာပါ။ FTC နဲ့Facebook တို့ဟာ ၂၀၁၂ နှစ်ကုန်ပိုင်းက သုံးစွဲသူများရဲ့ လျှို့ဝှက်ထားရမယ့် အချက်အလက်များကို ပေါက်ကြားစေခဲ့ပါက ဒဏ်တပ်ခံရမယ်ဆိုတဲ့ အပေါ် သဘောတူညီခဲ့ပါတယ်။

         ၂၀၁၈ နှစ်ဆန်းပိုင်းမှာ Facebook သုံးစွဲသူ ၈၇ သန်းရဲ့ အချက်အလက်များကို Cambridge Analytica အဖွဲ့အစည်းမှ Your Digital Life ဆိုတဲ့ app ကနေ ရယူသွားခဲ့ပါတယ်။ အလားတူ အချက်အလက် ပေါက်ကြားမှုမျိုးကို ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ကြုံတွေ့ခဲ့ပြီး အကောင့်ပေါင်း ၂၉ သန်း ရဲ့ အချက်အလက်များ ပါသွားခဲ့တာကြောင့် လွှတ်တော်နဲ့ဥပဒေပြုရေး အဖွဲ့အစည်းများအနေနနဲ့Facebook ကို အရေးယူဖို့FTC ကိုတောင်းဆိုခဲ့တာပါ။

         ဥရောသမဂ္ဂအဖွဲ့အစည်းများမှလည်း Facebook အနေနဲ့အထွေထွေအချက်အလက်ကာကွယ်ရေးစည်းမျဉ်းဖြစ်တဲ့ GDPR နဲ့ညိစွန်းနေသလားဆိုတဲ့အပေါ် စုံစမ်းနေပါတယ်။

GDPR အရ အချက်အလက် ပေါက်ကြားခဲ့တဲ့ ကုမ္ပဏီတစ်ခုဟာ ၇၂ နာရီအတွင်း ဒီဖြစ်ရပ်ကို အာဏာပိုင်တွေဆီ တင်ပို့အစီရင်ခံရမှာပါ။

Photo: adweek

         တကယ်လို့GDPR ကို ချိုးဖောက်ခဲ့တယ်ဆိုရင်တော့ ဒဏ်ကြေးအနေနဲ့အဲဒီကုမ္ပဏီရဲ့ နှစ်စဉ်ဝင်ငွေ ၄% အထိ ဒဏ်တပ်နိုင်မှာပါ။ ၂၀၁၇ ခုနှစ်က Facebook ရဲ့ ဝင်ငွေဟာ ဒေါ်လာ ၄၀.၆၅ ဘီလျံ ကျော် ရှိခဲ့တာ ဖြစ်လို့တကယ်လို့ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားရင် အမြင့်ဆုံး ဒဏ်ငွေ ဒေါ်လာ ၁.၆၃ ဘီလျံအထိ ဒဏ်တပ်ခံရမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က