ချန်ပီယံဆုအတွက် မန်စီးတီးကို အမှားမခံတမ်း ဖိအားပေးဖို့ လိုအပ်တဲ့ လီဗာပူးတို့ ဒီပွဲမှာတော့ အပြောင်းအလဲ အနည်းငယ်လုပ်ခဲ့ပါတယ်။ မာနေး၊ အာနိုးလ်တို့ အရံခုံမှာပဲထိုင်နေခဲ့ပြီး ဂျိုးဂိုးမက်ဇ်၊ ဖေမီနိုတို့ ပွဲထွက်ခဲ့ပါတယ်။ ဝက်ဖို့ဒ်ကလည်း ဂျိုရှူအာကင်း၊ ကလီဗာလေ၊ ဒန်းနစ်တို့ အရံခုံမှာပဲ ပါလာခဲ့ပြီး ယာအိုပတ်ဒရို၊ ဆစ်ဆိုကို၊ အစ္စမေလာဆားလ်တို့ကို အဓိကထားပွဲထုတ်ခဲ့ပါတယ်။

လီဗာပူးအတွက်က ဂိုးအများကြီးမလို၊ နိုင်ဖို့ပဲ လိုတယ်ဆိုတဲ့အတိုင်း ပွဲကို ထိန်းချုပ်ဖို့ကို အဓိက ဦးတည်ခဲ့တာကြောင့် ပွတာကြောင့် ပဲကို ထိန်းချုပ်ဖို့ကို အ့ အ စိတ်ပေးနိုင်ပါတဲအစပိုင်းမှာ အနည်းငယ် အေးသယောင်ရှိခဲ့ပါတယ်။ ဝက်ဖို့ဒ်ကလည်း လီဗာပူးရဲ့ ကောင်တာကြောင့် အရဲစွန့်ထိုးဖောက်တာမျိုး သိပ်မလုပ်ခဲ့ပါဘူး။

ဒါပေမယ့် ဝက်ဖို့ဒ်က ကူကာ အပိုင်အခွင့်အရေးကို အယ်လစ်ဆန်တည့်တည့်ကန်ခဲ့မိတဲ့နောက် မိနစ်ပိုင်းအတွင်းမှာပဲ လီဗာပူးတို့ အဖွင့်ဂိုးရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဂျိုးဂိုးမက်ဇ်ရဲ့ ဖြတ်တင်ဘောကတဆင့် ဂျိုတာက ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ဒီဂိုးမှာ ဝက်ဖို့ဒ်နောက်တန်းက လူကပ်ပုံအားနည်းချက်တွေလည်းရှိခဲ့ပါတယ်။
နောက်ပိုင်းပွဲတွေမှာ လီဗာပူးက တိုက်စစ်ကို အဆင်အခြင်မဲ့ မီးကုန်ယမ်းကုန်ကစားတာမျိုး မလုပ်တော့ဘဲ တဂိုးဆိုတဂိုး၊ နှစ်ဂိုးဆိုနှစ်ဂိုး စနစ်ကျကျနဲ့ ထိန်းကစားနေတာကိုလည်း မြင်တွေ့ရပါတယ်။ ဒုတိယပိုင်းမှာလည်း လီဗာပူးတို့ ဒီပုံစံအတိုင်းပဲ ဆက်ကစားခဲ့ပါတယ်။ ကစားသမားပိုင်းအရဆိုရင် ဆာလာနေရာ မာနေး၊ ကာတစ်ဂျုံးစ်နေရာ ဖာဘင်ဟိုတို့ လူစားဝင်ကစားခဲ့ပါတယ်။ ဝက်ဖို့ဒ်ကလည်း ဒန်းနစ်၊ ဂျိုရှူအာကင်း၊ ကလီဗာလေတို့ ဝင်ကစားခဲ့ပါတယ်။
ဘောလုံးပိုင်ဆိုင်မှု (၇၅) ရာခိုင်နှုန်းနီးပါး၊ ဂိုးပေါက်ကန်သွင်းခွင့် အကြိမ် (၂၀) ရရှိခဲ့တဲ့လီဗာပူးတို့ ပွဲပြီးခါနီးမှာ ပင်နယ်တီထပ်ရခဲ့ပြီး ဒီပင်နယ်တီကိုတော့ လူစားဝင်ကစားသမား ဖာဘင်ဟိုက အမှားအယွင်းမရှိ အဆုံးသတ်ခဲ့တာကြောင့် လီဗာပူးတို့ အိမ်ကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဝက်ဖို့ဒ်ကတော့ ဒီရှုံးပွဲကြောင့် တန်းမဆင်းရရေးအတွက် စိုးရိမ်စရာရှိလာခဲ့ပါတယ်။ လီဗာပူးကတော့ ဒီည မန်စီးတီးပွဲမတိုင်ခင် အမှတ်ပေးဇယားထိပ်ဆုံးမှာ ခေတ္တနေရာယူနိုင်ခဲ့ပါတယ်။