• Featured

    နာမည်ကျော် ဘောက်ဆင်းဒေးပွဲစဥ်တွေ ငတ်မယ့်ကိန်းဆိုက်နေတဲ့ ဘောလုံးပရိသတ်များ

ဘောက်ဆင်းဒေးပွဲတွေထဲက နှစ်ပွဲကို စတင်ရွှေ့ဆိုင်းလိုက်ရတာပါ။

ဒီဇင်ဘာ (၂၆)၊ ဘောက်ဆင်းဒေးမှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဥ်တွေထဲက ပွဲစဥ် (၂) ပွဲကို ကြိုတင် ရွှေ့ဆိုင်းလိုက်ရပြီလို့ သိရှိရပါတယ်။ ဗြိတိန်ကို ကိုဗစ်မျိုးကွဲ အိုမီခရွန် ရောက်ရှိလာပြီးတည်းက ပရီးမီးယားလိဂ်အသင်းတွေအနေနဲ့ ကိုဗစ်နှိပ်စက်မှုဒဏ်ကို အလူးအလဲခံစားနေရပြီး ပွဲစဥ်တွေပါ ကမောက်ကမဖြစ်နေရတာပါ။

image

လက်ရှိအချိန်မှာလည်း ဒီဇင်ဘာ (၂၆) မှာ ကစားမယ့် လီဗာပူးနဲ့ လိဒ်စ်ပွဲ၊ ဝုလ်ဗ်နဲ့ ဝက်ဖို့ဒ်တို့ပွဲကို ကိုဗစ်ကူးစက်မှုတွေကြောင့် ရွှေ့ဆိုင်းလိုက်ရပြီဖြစ်ပါတယ်။ လီဗာပူးနဲ့ ကစားမယ့် လိဒ်စ်မှာ အသင်းတွင်း ကိုဗစ်ကူးစက်မှုတွေ မြင့်တက်လာခဲ့သလို ဝက်ဖို့ဒ်မှာလည်း ကိုဗစ်ကူးစက်မှု ပြင်းထန်လာခဲ့တာကြောင့် အခုလိုပဲ ရွှေ့ဆိုင်းခဲ့ရတာပါ။

image

ဒါကိုလည်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်က အတည်ပြုကြေညာခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင်ပဲ တနင်္ဂနွေညမှာ ဒီနှစ်ပွဲလုံးက တချိန်တည်းကစားဖို့ စီစဥ်ထားတာဖြစ်ပါတယ်။ ခရစ္စမတ်နေ့အပြီး နောက်တရက် ဒီဇင်ဘာ (၂၆)၊ ဘောက်ဆင်းဒေးက ပရီးမီးယားလိဂ်ပရိသတ်တွေအတွက် တကယ်ကို နာမည်ကျော်နေ့ရက်တရက်ပါ။

အခုလို ပွဲရွှေ့ဆိုင်းတဲ့သတင်းက ပရိသတ်တွေအတွက် အိပ်မက်ဆိုးဖြစ်ပြီး အခြားသော ပွဲစဥ်တွေကိုလည်း ထပ်မံရွှေ့ဆိုင်းလာနိုင်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ အပတ်ကလည်း စနေညမှာ လိဒ်စ်နဲ့အာဆင်နယ် တပွဲသာ ကစားနိုင်ခဲ့တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ တနင်္ဂနွေညမှာ ကစားခဲ့တဲ့ ဝုလ်ဗ်နဲ့ချဲလ်ဆီးပွဲမကန်ခင်မှာလည်း ချဲလ်ဆီးဘက်က ကိုဗစ်ကူးစက်မှု မြင့်တက်ခဲ့တာကြောင့် ပွဲရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့ပေမယ့် ပရီးမီးယားလိဂ်ဘက်က ငြင်းဆန်ခဲ့ပါတယ်။

လက်ရှိပရီးမီးယားလိဂ်မှာ ကိုဗစ် ကင်းရှင်းနိုင်တဲ့အသင်းဆိုလို့ အလူးအလဲ ကူးစက်ခံရပြီးတဲ့ ယူနိုက်တက်၊ စပါးတို့လောက်သာရှိပါတယ်။ ကျန်တဲ့အသင်းတွေနဲ့ ပတ်သက်လို့တော့ ယတိပြတ်ပြောလို့မရတာကြောင့် ပရိသတ်တွေအနေနဲ့ ဘောက်ဆင်းဒေးမှာ အသင်းကြီးတွေရဲ့ ပွဲစဥ်တွေကို ကြည့်ရဖို့ ဆုတောင်းနေရဦးမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က