• အလုပ်အကိုင်လိုင်စင်မရှိဘဲ လူ ၂၀ ကို ထိုင်းကို ပို့ဆောင်သူတွေကို ရဲတပ်ဖွဲ့ဖမ်းဆီး

ထိုင်းရဲတွေက မြန်မာတွေကိုစတင်ဖမ်းမိခဲ့တာပါ။

ပြည်ပအလုပ်အကိုင် လိုင်စင်မရှိဘဲ လူတစ်ယောက်ကို ၁၁ သိန်းနှုန်းနဲ့ ထိုင်းနိုင်ငံကို ပို့ဆောင်တဲ့သူတွေကို အရေးယူထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

image

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဇေယျာသီရိရပ်ကွက်မှာနေထိုင်တဲ့ ကိုရဲထိုက် အပါအဝင် (၂၀) ဦးကို လှသင်းမောင်ရွာမှာနေတဲ့ ဒေါ်မာတူး၊ တပ်ကုန်းရိုင်ရွာနေ မျိုးလွင်၊ လက်ပံတန်းမြို့နေမထက်၊ မုံံရွာနေ ဒေါ်ခင်ရွှေ၊ ညောင်လေးပင်နေ သိန်းဝင်း၊ သနပ်ပင်နေ မြင့်ဌေး၊ ရန်ကုန်က ဒေါ်စိန်မြင့်နဲ့ မျိုးဇော်တို့က ထိုင်းနိုင်ငံမှ ဆိုဖာစက်ရုံ၊ ကော်စက်ရုံ၊ အုန်းနို့်စက်ရုံတွေမှာ အလုပ်ရရှိမှာဖြစ်ပြီးတော့ (၁)ရက်ကို ထိုင်းဘတ် ၃၈၀ ရမှာဖြစ်ပြီး တစ်ယောက်ကို ဝန်ဆောင်ခ ငွေကျပ် ၁၁ သိန်းပေးရမယ်လို့ ပြောဆိုစည်းရုံးခဲ့ပါတယ်။

ဒါ့အပြင် ပို့ဆောင်ပေးမယ့် ချင်းမိုင် ကုမ္ပဏီနဲ့ ချိတ်ဆက်ပေးပြီး (၁) ဦးကို ငွေ (၁၁) သိန်းပေးရမယ်လို့ စည်းရုံးခဲ့ပြီးတော့ မြောက်ဥက္ကလာမှ ချင်းမိုင် ကုမ္ပဏီသို့ခေါ်ဆောင်ကာ မန်နေဂျင်းဒါရိုက်တာ သွင်ထူးအောင်ဆီကို ငွေကျပ် (၁၁)သိန်းနှုန်းနဲ့ လူ (၂၀) ဦးအတွက် သိန်း (၂၂၀) ကို ပေးအပ်စေခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၉ ဇန်နဝါရီ ၁၅ ရက်နေ့မှာ အဆိုပါ မန်နေးဂျင်းဒါရိုက်တာက သွင်ထူးအောင်က အောင်မင်္ဂလာ အဝေးပြေးကားဂိတ်ကနေ ရန်ကုန်-ထားဝယ်ခရီးစဉ်နဲ့ ထားဝယ်ကို ခေါ်ဆောင်သွားပြီး ထိုင်းနိုင်ငံ၊ မဟာချိုင်သို့ပို့ဆောင်ခဲ့ရာမှာ ဇန်နဝါရီ ၁၇ ရက်နေ့မှာတော့ ထိုင်းရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါတယ်။

အကျိုးဆောင်လိုင်စင်မရှိဘဲ ထိုင်းကိုပို့ဆောင်ခဲ့တဲ့ သွင်ထူးအောင် (ခ) ဝတုတ် ပါ (၉) ဦးကို အရေးယူပေးဖို့ တိုင်တန်းချက်အရ ဝေဘာဂီနယ်မြေရဲစခန်းမှာ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က