• အနာဂတ်မှာလည်း ဂိုးသမားတွေ ဘလွန်းဒီအော်ရဖို့မဖြစ်နိုင်တော့ဘူးလို့ ကော်တွိုက်စ်စိတ်ပျက်နေ

ထိပ်ဆုံးသုံးယောက်ထဲတောင် မပါတဲ့အပေါ် ကော်တွိုက်စ် စိတ်ပျက်နေတာပါ။

ရီးရဲလ်မက်ဒရစ်ရဲ့ နံပါတ် (၁) ဂိုးသမား ကော်တွိုက်စ်ဟာ ဘလွန်းဒီအော်ဆုနဲ့ပတ်သက်လို့ ဂိုးသမားတွေက အနာဂတ်မှာလည်း မျှော်လင့်ချက်မရှိနိုင်ကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ ကော်တွိုက်စ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် အကောင်းဆုံး လက်စွမ်းပြခဲ့တဲ့ အဓိကဂိုးသမားတယောက်ပါ။

image

မနေ့ညက ကျင်းပခဲ့တဲ့ ဘလွန်းဒီအော်ဆုပေးပွဲအခမ်းအနားမှာလည်း ကော်တွိုက်စ်က ကမ္ဘာ့အကောင်းဆုံးဂိုးသမားဆု (ယာရှင်ဆု) ကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါပေမယ့် ဘလွန်းဒီအော်အဆင့် သတ်မှတ်ချက်မှာတော့ အဆိုပါ ဘယ်လ်ဂျီယံ လက်ရွေးစင် ဂိုးသမားက အဆင့် (၇) နေရာမှာသာ ရပ်တည်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ သူ့ရဲ့ ခံစားချက်ကို အခုလိုပဲ ပြောလာပါတယ်။

image

ကော်တွိုက်စ်က “ဘန်ဇီမာ ဘလွန်းဒီအော်ရတဲ့အတွက် ကျနော် ပျော်ရွှင်မိပါတယ်။ အခု ဘလွန်းဒီအော်ကို ကျနော် ရသင့်တယ်လို့ ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့တဲ့ ဂိုးသမားတယောက်က ဘလွန်းဒီအော်ဆုနဲ့ပတ်သက်လို့ ဆုပေးပွဲစင်မြင့်ပေါ်ကိုတောင် တက်ရောက်ခွင့်မရရှိခဲ့ပါဘူး။ ဒါက ဂိုးဖမ်းရတာထက် ဂိုးသွင်းရတာ ပိုကောင်းတယ်ဆိုတဲ့ သဘောမျိုးပါပဲ”


“ဒီအမြင်တွေနဲ့ ဆက်လက်ပြီး အငြင်းပွားနေရဦးမှာပါ။ ဒီလော့ဂျစ်ကိုကြည့်ပြီး သူတို့တွေ မဲထည့်တဲ့ပုံစံကို မြင်တဲ့နောက် ကျနော့်အနေနဲ့ ဘလွန်းဒီအော်ဆုကို ရဖို့ အခွင့်အရေးမရှိတော့ဘူးဆိုတာကို သိလိုက်ပါတယ်။ အနာဂတ်မှာလည်း ဂိုးသမားတယောက်က ဘလွန်းဒီအော်ရဖို့ မဖြစ်နိုင်ဘူးလို့ ကျနော် မြင်လိုက်ပါတယ်”

“ပြီးခဲ့တဲ့နှစ်မှာ ဂိုးသမားတယောက်အနေနဲ့ ကျနော်လုပ်ပြတာထက် ပိုလုပ်ပြခဲ့တဲ့ ဂိုးသမားရှိရင်တော့ မပြောတတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ ကာဆီးလက်စ်ကလည်း ကော်တွိုက်စ်နဲ့ပတ်သက်လို့ နောက်ဆုံး သုံးယောက် စာရင်းထဲ မပါဝင်တဲ့အပေါ် မပျော်ရွှင်နိုင်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က