• အိုရီဂီသာ ယူနိုက်တက်မှာသာဆိုရင် ရော်နယ်ဒို ဘုံတောင်ပျောက်သွားဦးမယ်လို့ လီဗာပူးပရိသတ်ပြော

အိုရီဂီကို ရော်နယ်ဒိုနဲ့နှိုင်းယှဥ်ပြီး ချီးကျူးသွားခဲ့တာပါ။

လီဗာပူးတိုက်စစ်မှူး အိုရီဂီသာ ယူနိုက်တက်မှာ ကစားနေမယ်ဆိုရင် ယူနိုက်တက်ရဲ့ လက်ရှိတိုက်စစ်မှူး ရော်နယ်ဒိုတယောက် အရံခုံရောက်သွားလိမ့်မယ်လို့ လီဗာပူးပရိသတ်တယောက်ကဆိုလာပါတယ်။ အိုရီဂီဟာ လီဗာပူးမှာ အရံကစားသမားလို့ ပြောနိုင်ပေမယ့် ပါဝင်ကစားခွင့်ရချိန်တိုင်း အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူပေးနေတဲ့ ကစားသမားပါ။

image

အိုရီဂီအနေနဲ့ မာဆေးဆိုက်ဒ်ဒါဘီ၊ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တို့မှာ လီဗာပူးအတွက် အရေးပါတဲ့ဂိုးတွေ သွင်းယူပေးခဲ့ဖူးသလို နောက်ဆုံး ကစားခဲ့တဲ့ ဝုလ်ဗ်၊ အေစီမီလန်တို့နဲ့ နှစ်ပွဲဆက်တိုက်မှာလည်း အသင်းအတွက် အနိုင်ဂိုးတွေ သွင်းယူပေးနိုင်ခဲ့ပါတယ်။

image

အဲ့ဒါကြောင့်လည်း Talksport က ပြုလုပ်တဲ့ ဆွေးနွေးခန်းတခုမှာ လီဗာပူးပရိသတ်တယောက်က အိုရီဂီနဲ့ ရော်နယ်ဒိုကို နှိုင်းယှဥ်ပြီး အိုရီဂီကို ချီးကျူးသွားခဲ့တာပါတယ်။

ဒေ့ဗ်လို့အမည်ရတဲ့ အဆိုပါ လီဗာပူး ပရိသတ်က “အိုရီဂီက ပရီးမီးယားလိဂ်မှာရှိတဲ့ ဘယ်အသင်းမှာမဆို ကစားနိုင်ပါတယ်။ ယူနိုက်တက်မှာဆိုလည်း သူက ရော်နယ်ဒိုကိုတောင်ကျော်ပြီး နေရာရဦးမှာပါ”

“နောက်ဆုံး (၄) နှစ်အတွင်း ရော်နယ်ဒို ဘာလုပ်နိုင်ခဲ့လို့လဲ? သူက ဂျူဗင်တပ်စ်နဲ့လည်း ချန်ပီယံလိဂ်ဖလားမရခဲ့ဘူးလေ။ အဲ့ဒီတော့ နောက်ဆုံး (၄) နှစ်ချင်းယှဥ်ရင်တော့ အိုရီဂီက ရော်နယ်ဒိုထက် ပိုကောင်းပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒေ့ဗ်တယောက် ဒီလိုမျိုးပြောသွားခဲ့ပေမယ့် တကယ်တမ်း တဦးချင်း အချက်အလက်တွေမှာတော့ နောက်ဆုံး (၄) ရာသီအတွင်း ရော်နယ်ဒိုက အိုရီဂီထက် အပြတ်အသတ်သာတယ်လို့ဆိုရမှာပါ။ ရော်နယ်ဒိုက နောက်ဆုံး (၄) နှစ်အတွင်း ပြိုင်ပွဲစုံမှာ သွင်းဂိုး (၁၄၅) ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အိုရီဂီကတော့ (၂၁) ဂိုးသာ သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က