• အပွဲပွဲနွှဲလာခဲ့သမျှ ဖိုင်နယ်ရောက်မှပဲ ကံဆိုးရတော့မယ့် ရီးရဲလ်ဂိုးသမား

လူနင်တစ်ယောက် တုပ်ကွေးမိနေတာပါ။

ရီးရဲလ်မက်ဒရစ် ဂိုးသမား အန်ဒရေလူနင်ဟာ အဖျားရောဂါကြောင့် ဒေါ့မွန်နဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲကို လွဲချော်ဖို့ ရာခိုင်နှုန်းများနေပါတယ်။ လူနင်ဟာ ဒီတစ်ပတ် အစောပိုင်းမှာ တုပ်ကွေးဝေဒနာကို ခံစားနေရပြီး လန်ဒန်မြို့ကိုတောင် လိုက်ပါဖို့ မသေချာဖြစ်နေပါတယ်။

image

ရီးရဲလ်မက်ဒရစ် ဆေးအဖွဲ့ဝင်တွေကတော့ လူနင်ရဲ့တုပ်ကွေးကို စနစ်တကျ စောင့်ကြည့်နေကြပြီး အခြားကစားသမားတွေဆီ မကူးစက်အောင် ဂရုစိုက်နေရပါတယ်။ လူနင်ဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်အတွက် အထူးလက်စွမ်းပြခဲ့တဲ့ ဂိုးသမားတစ်ယောက်ပါ။

image

မန်စီးတီးနဲ့ကွာတားဖိုင်နယ်ပွဲ ပင်နယ်တီအဆုံးအဖြတ်၊ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တို့မှာ အထူးလက်စွမ်းပြခဲ့ပြီး ရီးရဲလ်ကို ဗိုလ်လုပွဲအထိ တက်ရောက်နိုင်အောင် အဓိက စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

ဒါပေမယ့် ကော်တွိုက်စ် ဒူးဒဏ်ရာကနေ ပြန်ကောင်းလာချိန်ကတည်းက ချန်ပီယံလိဂ်ဖိုင်နယ်မှာ ကော်တွိုက်စ်နဲ့ လူနင် ဘယ်သူ့ကို သုံးမလဲဆိုတာ ပရိသတ်တွေအကြားမှာရော၊ မီဒီယာတွေအကြားမှာပါ အငြင်းပွားခဲ့တာပါ။ အချို့ကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် အတွေ့အကြုံရှိပြီးသား ကော်တွိုက်စ်ကို အသုံးပြုစေချင်ကြပါတယ်။

အချို့ကတော့ လူနင်က ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်ဖိုင်နယ်အထိ ပို့ဆောင်ပေးထားတာကြောင့် လူနင်ပဲ ပွဲထွက်ခွင့်ရသင့်တယ်လို့ ဆိုနေကြပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ လူနင်က တုပ်ကွေးဖြစ်နေတာကြောင့် ကော်တွိုက်စ်ပဲ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ပွဲထွက်လာဖွယ်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က