• ဘာလိုတယ်လီကိုမရွေးဘဲ ဂျော်ဂျင်ဟိုကိုအားကိုးရလား ငါ့သားရယ်လို့ မန်စီနီရဲ့အမေ သွယ်ဝိုက်ပြော

အီတလီတို့ ကမ္ဘာ့ဖလားနဲ့လွဲချော်အပြီး မန်စီနီရဲ့အမေက ပြောကြားခဲ့တာပါ။

အီတလီ လက်ရွေးစင် နည်းပြ မန်စီနီရဲ့ မိခင်ဖြစ်သူဟာ သူ့သားရဲ့ လက်ရွေးစင်အတွက် လူရွေးချယ်ပုံအပေါ်မှာ ပြန်လည်ဝေဖန်ခဲ့တယ်လို့ သိရှိရပါတယ်။ ကြာသပတေးညက ကစားခဲ့တဲ့ အီတလီနဲ့ မြောက်မက်ဆီဒိုးနီးယားတို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်မှာ အီတလီတို့ ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

image

ဒီရှုံးပွဲကြောင့် အီတလီတို့ (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။ အီတလီအနေနဲ့ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ မှာ ချန်ပီယံအဖြစ် ပူပူနွေးနွေး အောင်ပွဲခံနိုင်ခဲ့တဲ့ အသင်းတသင်းပါ။ အဲ့ဒီအသင်းကိုလည်း လက်ရှိနည်းပြ မန်စီနီကပဲ တာဝန်ယူကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

image

ဒါပေမယ့် အခုလိုမျိုး ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့တဲ့နောက် မန်စီနီရဲ့ အီတလီနည်းပြချုပ် ရာထူးကလည်း မရေရာတော့ပါဘူး။ မန်စီနီရဲ့ အမေဖြစ်သူကလည်း အီတလီလက်ရွေးစင်အတွက် သူ့သားရဲ့ လူရွေးချယ်ပုံနဲ့ ပတ်သက်လို့ အခုလို ဝေဖန်ခဲ့ပါတယ်။

မာရီယာနာပေါ်လိုလို့အမည်ရတဲ့ အဆိုပါအမျိုးသမီးက “မြောက်မက်ဆီဒိုနီးယားနဲ့ပွဲမှာ ပိုမိုကောင်းမွန်တဲ့ရလဒ်ကို ရရှိခဲ့သင့်တာပါ။ ဒါပေမယ့် ဒါက ဘောလုံးလောကပါ။ တခါတလေ မှန်ကန်ပြီး တခါတလေတော့လည်း မှားယွင်းတာတွေဖြစ်တတ်ပါတယ်။ ပွဲကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်”

“ဒါပေမယ့် တိုက်စစ်ဆင်ပုံက မကောင်းမွန်ခဲ့ပါဘူး။ ကျမသာဆိုရင် ဘာလိုတယ်လီကို ရွေးမှာပါ။ သူက အံ့အားသင့်ဖွယ် ကြံ့ခိုင်မှုပိုင်းကို ပိုင်ဆိုင်ထားပြီး ဂိုးရှေ့မှာဆိုရင် သူ့ကို ဘယ်သူမှမရပ်တန့်နိုင်ပါဘူး။ ကံမကောင်းစွာနဲ့ပဲ ဂျော်ဂျင်ဟိုရဲ့ အမှားတွေက ကျမတို့ကို ပေးဆပ်မှုကြီးမားစေခဲ့ပါတယ်"

“အီတလီ ကမ္ဘာ့ဖလားနဲ့ လွဲတဲ့အပေါ် ဂျော်ဂျင်ဟိုကို လက်ညှိုးမထိုးချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူလည်း ဒါကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာ မဟုတ်ဘူးလေ။ ဒါပေမယ့် ရှင်သာ ပင်နယ်တီသုံးလုံးလောက်လွဲလိုက်တယ်ဆိုရင်ရော?” လို့ မေးခွန်းထုတ် ဝေဖန်သွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က