• Play-off ကနေ လစ်ရပြီး ကမ္ဘာ့ဖလားကို နှစ်ကြိမ်ဆက်လွဲချော်ခဲ့ရတဲ့ အီတလီ

အီတလီတို့ ကာတာကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။

အီတလီအတွက်တော့ တကယ့်ကို နာကျင်စရာပါပဲ။ (၂၀၁၈) ကမ္ဘာ့ဖလားကို လွဲခဲ့တဲ့ ဒီအသင်းက (၂၀၂၂) ကာတာကမ္ဘာ့ဖလားကို အရောက်သွားဖို့ အခြေအနေကောင်းတွေကို အများကြီး ပိုင်ဆိုင်ခဲ့တာပါ။ ဒါပေမယ့် မထင်မှတ်ထားတဲ့ လှည့်ကွက်တွေနဲ့ပဲ ပလေးအော့ဖ်ကနေ နှုတ်ဆက်ခဲ့ရပါတယ်။

image

ပိုပြီး နာကျင်စရာကောင်းတာက အင်အားချင်းကွာလွန်းတဲ့ မြောက်မက်ဆီဒိုးနီးယားကို ရှုံးနိမ့်ခဲ့တာပါပဲ။ ဒီပွဲမှာ အီတလီက ဘောလုံးပိုင်ဆိုင်မှု (၇၀) ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းချက် အကြိမ် (၃၀) ကျော်နဲ့ တဖက်သတ် အသာစီး ကစားခဲ့တာပါ။ ဒါပေမယ့် ပွဲပြီးခါနီး အချိန်ပိုမှာ မထင်မှတ်ဘဲပေးလိုက်ရတဲ့ ဂိုးကြောင့်ပဲ မျှော်လင့်ချက်တွေ အဆုံးသတ်ခဲ့ရပါတယ်။

image

အီတလီက ဒီပွဲမှာ ဒွန်နာရမ်မာ၊ ဖလော်ရန်ဇီ၊ မန်ချီနီ၊ ဘာစတိုနီ၊ အီမာဆင်၊ ဘာရီလာ၊ ဂျော်ဂျင်ဟို၊ ဗာရက်တီ၊ ဘရာဒီ၊ အီမိုဘီလီ၊ အင်ဆစ်ဂ်နီတို့နဲ့ အင်အားပြည့်ပွဲထွက်လာခဲ့တယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် လိုအပ်နေတဲ့ တဂိုးလေးကိုတောင် မရခဲ့ဘဲ နောက်ဆုံးမိနစ်ရောက်မှ ကပ်ဆိုက်ခဲ့တာဖြစ်ပါတယ်။

မြောက်မက်ဆီဒိုးနီးယားအတွက် တလုံးတည်းသောသွင်းဂိုးကိုတော့ ထရက်ကော့ဗ်စကီးက ဧရိယာအပြင်ကနေ အပြင်းကန်သွင်းပေးခဲ့ပါတယ်။ မြောက်မက်ဆီဒိုးနီးယားဟာ ဒီနိုင်ပွဲကြောင့် ကာတာကမ္ဘာ့ဖလားဝင်ခွင့်အတွက် ပေါ်တူဂီနဲ့ နောက်ဆုံးအဆုံးအဖြတ်ပွဲကို ရင်ဆိုင်ရတော့မှာပါ။

အုပ်စုအဆင့်မှာ မလိုအပ်ဘဲ အမှတ်တွေဆုံးရှုံးခဲ့တဲ့ အီတလီတို့ အခု ပလေးအော့ဖ်မှာလည်း အနည်းဆုံးတော့ ပေါ်တူဂီနဲ့ တွေ့ရဦးမယ်လို့ ခန့်မှန်းခံထားရပေမယ့် မြောက်မက်ဆီဒိုးနီးယားကြောင့်ပဲ ကာတာကမ္ဘာ့ဖလားနဲ့ ဝေးကွာခဲ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က