• ဘန်လေကိုသရေမကျဘဲအနိုင်ကန်ပြသွားတဲ့ ချန်ပီယံပြေးလမ်းကြောင်းပေါ်က အသင်းကြီးလီဗာပူး

လီဗာပူးတို့ ဖာဘင်ဟိုရဲ့တလုံးတည်းသောသွင်းဂိုးနဲ့အနိုင်ရရှိခဲ့တာပါ။

ဒီပွဲမှာ လီဗာပူးနည်းပြ ကလော့ပ်က မာနေးနဲ့ ဆာလာနှစ်ယောက်လုံးကို ပွဲထုတ်လာခဲ့ပြီး ကွင်းလယ်နဲ့ခံစစ်ကလည်း လူစုံတက်စုံပါဝင်ခဲ့ပါတယ်။ အာဆင်နယ်၊ ယူနိုက်တက်တို့ကို သရေရအောင် ဆက်တိုက်ခံကန်နိုင်ခဲ့တဲ့ ဘန်လေကလည်း သူတို့ဝက်ဟို့စ်၊ ဂျေးရိုဒရီဂွက်ဇ်၊ လန်နွန်၊ တာကောစကီး၊ ဘန်မီးမ်တို့ကို အဓိကအမာခံထားပြီး လီဗာပူးကို ဧည့်ခံခဲ့ပါတယ်။

 
image

လီဗာပူးက ပိုမိုဖိအားပေးနိုင်ခဲ့တယ်ဆိုပေမယ့် ခံစစ်မှာ ဟာကွက်အချို့ရှိခဲ့ပြီး ဘန်လေကို အခွင့်အရေးတချို့ ပြန်ပေးခဲ့ရပါတယ်။ ပထမပိုင်းမှာ နှစ်သင်းကြား အခွင့်အရေးရရှိမှု သိပ်မကွာခဲ့ဘဲ ဘန်လေရဲ့ထိုးဖောက်မှုအချို့ကလည်း ဂိုးဖြစ်ဖို့ နီးစပ်ခဲ့ပါတယ်။

 
image

ဒါပေမယ့် လီဗာပူးက စိတ်ရှည်ရှည်နဲ့ အခွင့်အရေးကောင်းကို စောင့်ကစားခဲ့ပြီး ပထမပိုင်းပြီးဖို့ ငါးမိနစ်အလိုမှာ ထောင့်ကန်ဘောကတဆင့် ဖာဘင်ဟိုက အဆင့်ဆင့်ပိတ်သွင်းသွားခဲ့ပါတယ်။ ဒီသွင်းဂိုးနဲ့ပဲ လီဗာပူးတို့ ပထမပိုင်းမှာ တဂိုးဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဘန်လေရဲ့တုံ့ပြန်ပုံကိုလည်း ချီးကျူးရမှာဖြစ်ပြီး ဒုတိယပိုင်းမှာလည်း ချေပဂိုးရဖို့ လီဗာပူးကို ပြန်လည်ဖိအားပေးခဲ့ပါတယ်။

 



နောက်ပိုင်းမှာ လီဗာပူးနည်းပြ ကလော့ပ်က ကွင်းလယ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် သီယာဂိုကို ထည့်သုံးခဲ့ပါတယ်။ ဒါပေမယ့် အမြင့်ဘောတွေကို အဓိကဦးတည်ကစားနေတဲ့ ဘန်လေကို လီဗာပူးတို့ ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပေမယ့် အနိုင်ဂိုးထပ်မရခဲ့သလို ဂိုးထပ်ရနိုင်တဲ့ အခွင့်အရေးတွေကိုလည်း လွဲချော်ခဲ့ပါတယ်။ လီဗာပူးဟာ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးနဲ့ တပွဲလျော့ (၉) မှတ်အကွာ၊ ဒုတိယနေရာမှာ ရပ်တည်နေဆဲဖြစ်ပါတယ်။

 



တချိန်တည်းကစားခဲ့တဲ့ပွဲတွေမှာတော့ စပါးတို့ အိမ်ကွင်းမှာ ဝုလ်ဗ်ကို နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါဟာ စပါးအတွက်တော့ ပရီးမီးယားလိဂ်မှာ သုံးပွဲဆက်တိုက် ရှုံးပွဲကြုံတွေခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်ကလည်း ထရစ်ပီယာရဲ့တလုံးတည်းသောသွင်းဂိုးနဲ့ ဂျရတ်ရဲ့ဗီလာကို အနိုင်ကစားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က