• ဗန်ဒိုက်ချ်ကိုသာ အတင်းချီးကျူးနေကြတာ၊ ဗီဒစ်ကသာ အကောင်းဆုံးလို့ ဂွါဒီယိုလာပြော

ဗန်ဒိုက်ချ်ကို ဗီဒစ်နဲ့နှိုင်းယှဥ်နေကြတဲ့အပေါ် ဂွါဒီယိုလာက ပြောကြားလာတာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက လီဗာပူးနောက်ခံလူ ဗန်ဒိုက်ချ်ကို ရုပ်သံဝေဖန်တင်ဆက်သူတွေက အလွန်အမင်း ချီးကျူးလွန်းတယ်လို့ ပြောကြားခဲ့ပြီး ဗီဒစ်ကသာ ပရီးမီးယားလိဂ်သမိုင်းရဲ့ အကောင်းဆုံး နောက်ခံလူဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။

image

ဗန်ဒိုက်ချ်ဟာ ဆောက်သမ်တန်ကနေ လီဗာပူးကို ပြောင်းရွှေ့လာပြီးနောက် ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေထဲကတယောက်ဖြစ်လာခဲ့ပြီး ဘ့လွန်းဒီအော်ဆု ဆွတ်ခူးဖို့အထိပါ ရေပန်းစားခဲ့သေးတာပါ။ လီဗာပူးကလည်း ဗန်ဒိုက်ချ်အပေါ် မှီခိုနေရပြီး ဒီကစားသမား မပါနိုင်ချိန်မှာ နောက်တန်းက ရုန်းကန်ရလေ့ရှိပါတယ်။

image

ဒါပေမယ့် မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ ဗန်ဒိုက်ချ်နဲ့ ပတ်သက်လို့ သူ့ရဲ့အမြင်တွေကို အခုလိုပဲ ပြောကြားလာတာပါ။ ဂွါဒီယိုလာက “ရုပ်သံဝေဖန်သူတော်တော်များများ အထူးသဖြင့် ကာရေဂါပေါ့။ သူတို့က ဗန်ဒိုက်ချ်ကို ဗီဒစ်၊ တယ်ရီ၊ ဖာဒီနန်တို့နဲ့ နှိုင်းယှဥ်လေ့ရှိပါတယ်”

“ဒါပေမယ့် တကယ့်လက်တွေ့ကို ကျနော်ပြောပါမယ်။ ဗန်ဒိုက်ချ်က နောက်ခံလူကောင်းဆိုတာဟုတ်ပါတယ်။ ဒါပေမယ့် ကျနော်ပြောခဲ့တဲ့ ကစားသမားတွေကို သူမမှီနိုင်သေးပါဘူး။ ကျနော်တို့ ပြီးခဲ့တဲ့ရာသီတွေမှာ လီဗာပူးကို (၄) (၅) ဂိုးလောက်သွင်းပြီး အနိုင်ယူခဲ့ပါတယ်”

“ကျနော့်ကစားသမားတွေအတွက် ဗန်ဒိုက်ချ်က အဲ့ဒီလောက်အထိ အန္တရာယ်ပေးနိုင်တယ်လို့ မထင်ပါဘူး။ ဗီဒစ်ကတော့ အင်္ဂလန်မှာ ကျနော် ရင်ဆိုင်ဖူးသမျှထဲ အကောင်းဆုံး နောက်ခံလူတယောက်ပါ။ ကျနော့် ဘာစီလိုနာ အကောင်းဆုံးဆိုတဲ့အချိန်မှာ သူနဲ့ အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ဖူးပြီး ကျနော့်အတွက် သူက အထင်ကြီးစရာ အကောင်းဆုံး ကစားသမားပါ”

“(၂၀၁၀) မှာ ကျနော် ဗီဒစ်ကို ခေါ်ဖို့ ကြိုးစားခဲ့သေးပေမယ့် သူကတော့ ဖာဂူဆန်ကိုပဲ သစ္စာရှိခဲ့ပါတယ်။ ဗန်ဒိုက်ချ်၊ မက်ဂွိုင်းရား၊ ဆေးလ်ဗားတို့က (၂၀၀၉) ကနေ (၂၀၁၂) အထိ ကျနော့်အသင်းနဲ့ တခါမှ မဆုံဖူးပါဘူး။ အဲ့ဒီအသင်းက သူတို့အတွက် တားဆီးဖို့ အခက်ခဲဆုံး အသင်းဖြစ်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က