• ဘရူနိုဖာနန်ဒက်စ်ကို ရော်နယ်ဒို ဘောလုံးခင်းပေးလိုက်တဲ့အပေါ် ပရိသတ်တွေပါ မယုံနိုင်ဖြစ်နေ

ရော်နယ်ဒိုက အပိုင်အခွင့်အရေးကို ပြန်လည်ဖန်တီးပေးခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ တူရကီနဲ့ ပေါ်တူဂီတို့ရဲ့ပွဲစဉ်မှာ ရော်နယ်ဒိုက အပိုင်အခွင့်အရေးကို ဘရူနိုဖာနန်ဒက်စ်အတွက် ဖန်တီးပေးခဲ့တဲ့အပေါ် ပရိသတ်တွေကပါ မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ ဒီပွဲမှာ ပေါ်တူဂီက သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

image

ပထမပိုင်းမှာတင် ဘာနာဒိုဆေးလ်ဗားရဲ့ဂိုး၊ ပြိုင်ဘက်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းတဲ့ဂိုးတွေနဲ့ ပေါ်တူဂီတို့ ဦးဆောင်နိုင်ခဲ့တာပါ။ ဒုတိယပိုင်းမှာလည်း တူရကီနောက်တန်းအမှားကတစ်ဆင့် ရော်နယ်ဒိုက အခွင့်အရေးတစ်ကြိမ်ကို လွတ်လွတ်ကျွတ်ကျွတ် ရရှိခဲ့ပါတယ်။

image

ဂိုးသမားနဲ့တစ်ယောက်ချင်းတွေ့တဲ့ အနေအထားမှာ ရော်နယ်ဒိုက ကိုယ်တိုင်ကန်သွင်းနိုင်ပါလျက်နဲ့ အသင့်ပါလာတဲ့ ဘရူနိုဖာနန်ဒက်စ်ကို ခင်းပေးခဲ့တာပါ။ ဘရူနိုဖာနန်ဒက်စ်က ဒါကို အမှားအယွင်းမရှိ အသုံးချနိုင်ခဲ့ပြီး ရော်နယ်ဒိုကတော့ ဒီပွဲမှာ ဂိုးမသွင်းနိုင်ခဲ့သည့်တိုင် ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ဒီဖန်တီးမှုနဲ့ ပတ်သက်လို့ ပရိသတ်တွေက “ငါ့မျက်လုံးကိုတောင် ငါ မယုံနိုင်ဘူး။ ရော်နယ်ဒိုက ဒီဘောလုံးကို တိုက်ရိုက်မကန်သွင်းခဲ့ဘူးတဲ့” “ပွဲစီစဉ်တင်ဆက်သူတောင် ရော်နယ်ဒို ဘောလုံးခင်းပေးလိုက်တာကို အံ့အားသင့်နေတာ” “အသင်းကို ဦးစားပေးတယ်၊ အဲ့ဒါကြောင့်လည်း ရော်နယ်ဒိုက ကမ္ဘာ့အကောင်းဆုံးဖြစ်နေတာ”

“ဟုတ်ပါတယ်။ ခင်ဗျားတို့ပြောတော့ ရော်နယ်ဒိုက တစ်ကိုယ်ကောင်းဆန်တယ်ဆို” လို့ အမျိုးမျိုး မှတ်ချက်ပြုခဲ့ကြပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် အုပ်စုနှစ်ပွဲ ကစားပြီးချိန်မှာ တစ်ဂိုးမှ မသွင်းနိုင်သေးပေမယ့် ဂိုးဖန်တီးမှုတစ်ကြိမ်တော့ ပြုလုပ်ပေးထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

Share

Loading Next Article...
က္က