• ဘရူနိုရဲ့သွင်းဂိုးတွေနဲ့အတူ ရော်နယ်ဒိုနဲ့ပေါ်တူဂီတို့ ကာတာကမ္ဘာ့ဖလားသွားခွင့်ရပြီ

ဘရူနိုဖာနန်ဒက်စ်ရဲ့ဂိုးတွေနဲ့အတူ ပေါ်တူဂီတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ခဲ့တာပါ။

ဒီပွဲမှာ ပေါ်တူဂီက တူရကီနဲ့ပွဲကထက် လူအင်အားပိုကောင်းလာခဲ့ပြီး နောက်တန်းမှာ ပီပီ၊ ကန်ဆယ်လိုတို့ ပြန်လည်ပါဝင်လာခဲ့တာပါ။ ဂိုးသမား ကော်စတာ၊ နောက်တန်းမှာ ကန်ဆယ်လို၊ ပီပီ၊ ဒန်နီလိုပါရဲရား၊ နူနိုမန်ဒက်စ်၊ ကွင်းလယ်မှာ ဘရူနိုဖာနန်ဒက်စ်၊ ဘာနာဒိုဆေးလ်ဗား၊ မော်တင်ဟို၊ ရှေ့တန်းမှာ အိုတာဗီယို၊ ဂျိုတာ၊ ရော်နယ်ဒိုတို့ ပွဲထွက်ခဲ့ပါတယ်။

image

မြောက်မက်ဆီဒိုးနီးယားကလည်း အီတလီကိုနိုင်ခဲ့တဲ့ပွဲက လူစာရင်းကို တနေရာသာ အပြောင်းအလဲလုပ်ခဲ့ပြီး ပေါ်တူဂီကို ရင်ဆိုင်ခဲ့ပါတယ်။ အဝေးကွင်းတွေမှာ ဂျာမနီ၊ အီတလီတို့ကို အနိုင်ယူခဲ့ဖူးတဲ့ ဒီအသင်းက ပေါ်တူဂီကိုလည်း ဒုက္ခပေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ခြေစွမ်းပိုင်းနဲ့ ကစားသမားအင်အားပိုင်းမှာတော့ ပေါ်တူဂီကို ယှဥ်နိုင်ဖို့ ခက်ခဲခဲ့ပါတယ်။

image

ပွဲကစားချိန် (၃၁) မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်က ရော်နယ်ဒိုနဲ့ လှလှပပ ချိတ်ဆက်ပြီး အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။ ပေါ်တူဂီနောက်တန်းမှာ ပီပီ ပြန်လည်ပါဝင်လာတာက တော်တော်လေး စိတ်ချခဲ့ရပြီး မြောက်မက်ဆီဒိုးနီးယားတို့ ပေါ်တူဂီဂိုးပေါက်ကို ခြိမ်းခြောက်ဖို့ ခက်ခဲခဲ့ပါတယ်။

ပေါ်တူဂီကတော့ လိုအပ်သလိုပဲ ပွဲကို ထိန်းချုပ်ကစားဖို့ ကြိုးစားခဲ့ပြီး ဒုတိယပိုင်းမှာ နှစ်ဖက်ကစားသမားတွေအကြား ထိတွေ့မှုတွေရှိခဲ့ပါတယ်။ မြောက်မက်ဆီဒိုးနီးယားက အပြောင်းအလဲအချို့လုပ်ခဲ့ပေမယ့် ပေါ်တူဂီကသာ ပွဲကိုထိန်းကစားနိုင်ခဲ့ပြီး နောက်ထပ်အနိုင်ဂိုးရခဲ့ပါတယ်။

(၆၄) မိနစ်မှာ တန်ပြန်တိုက်စစ်ကတဆင့် ဘရူနိုဖာနန်ဒက်စ်က ဂျိုတာ ‘မ’တင်ပေးလိုက်တဲ့ ဘောလုံးကို ချိန်သားကိုက် အမှားအယွင်းမရှိ ပိတ်သွင်းပြီး ပေါ်တူဂီကို အနိုင်သေချာစေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ နှစ်သင်းလုံး ဂိုးတွေထပ်မသွင်းနိုင်တော့တာကြောင့် ပေါ်တူဂီတို့ ၂-၀ ဂိုးနဲ့ပဲ အနိုင်ရရှိပြီး ကာတာကမ္ဘာ့ဖလားကို သွားရောက်ခွင့်ရရှိခဲ့ပါတယ်။ 

Share

Loading Next Article...
က္က