အက်သလက်တီကို တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းဟာ မနေ့ညက ဆဲလ်တစ်ကို ခြောက်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲမှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုး လှလှပပ သွင်းယူနိုင်ခဲ့ပါတယ်။ ဆဲလ်တစ်က ပွဲကစားချိန် (၂၃) မိနစ်ကတည်းက တစ်ယောက်လျော့ခဲ့တာပါ။


ဒါပေမယ့်လည်း ဂရစ်ဇ်မန်းတစ်ယောက် ဟက်ထရစ်ရဖို့ အခွင့်အရေးမရှိခဲ့ဘဲ နည်းပြ ဆီမြွန်နီက ဂရစ်ဇ်မန်းကို ဒီဂိုးသွင်းပြီး မကြာခင်မှာတင် လူစားလဲခဲ့ပါတယ်။ ဂရစ်ဇ်မန်းဟာ အခုလို သွင်းဂိုးတွေကို မကြာခဏ သွင်းယူလေ့ရှိတဲ့ ကစားသမားလည်း ဖြစ်ပြီး ဘိုင်စကယ်ကစ်က သူ့ရဲ့ အမှတ်သညာ ဂိုးသွင်းဟန်လိုမျိုးတောင် ဖြစ်လာခဲ့ပါပြီ။