• ဒီည မာနေးနဲ့ ပြန်မတွေ့ခင် စိတ်ဝင်စားစရာဖွင့်ဟမှုတခုကို ပြုလုပ်လိုက်တဲ့ ဆာလာ

ဆာလာနဲ့မာနေးတို့ ဒီနေ့ညမှာ ထိပ်တိုက်တွေ့တော့မှာပါ။

အီဂျစ် လက်ရွေးစင် ကစားသမား ဆာလာက ဒီကနေ့ည အာဖရိကဖလား ဗိုလ်လုပွဲအဖြစ် ဆီနီဂေါနဲ့ ပြန်လည်ရင်ဆိုင်ရမယ့်ပွဲနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဆာလာဟာ လီဗာပူးအသင်းဖော် မာနေးနဲ့လည်း ပြိုင်ဘက်အဖြစ် ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

image

မာနေးနဲ့ဆာလာတို့ အာဖရိကဖလားဗိုလ်လုပွဲမှာ ထိပ်တိုက်ပြန်တွေ့နိုင်တယ်လို့ ခန့်မှန်းချက်တွေရှိခဲ့ပြီး တကယ့်လက်တွေ့မှာလည်း လီဗာပူးရဲ့ အဓိကတိုက်စစ်ကစားသမားနှစ်ယောက်က လက်ရွေးစင်မှာ ပြိုင်ဘက်တွေအဖြစ် ပြန်လည် ထိပ်တိုက်တွေ့ခဲ့ကြတာပါ။

image

အီဂျစ်ဟာ ရှုံးထွက်ပွဲစဥ်တွေတလျှောက်လုံးမှာ မိနစ် (၁၂၀) ပွဲစဥ်တွေကိုပဲ ကစားခဲ့ရတာကြောင့် ဆီနီဂေါနဲ့ ကစားမယ့်ပွဲကို တရက်နောက်ဆုတ်ပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘဲ ဒီညမှာ ပုံမှန်အတိုင်း ကစားသွားကြမှာဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင်မှာ ဆာလာက “ဆီနီဂေါနဲ့ ပြန်လည်ရင်ဆိုင်ရတာ နောက်ပြီး မာနေးနဲ့ ပြန်လည်ရင်ဆိုင်ရတာ တကယ်ကို ကြီးကျယ်ခမ်းနားပါတယ်။ အခုဆိုရင် ကျနော်နဲ့ မာနေးတို့က ပြိုင်ဘက်တွေ ဖြစ်သွားပါပြီ။ ဒါပေမယ့် ဗိုလ်လုပွဲပြီးသွားရင်တော့ ကလပ်အသင်းဖော်တွေ ပြန်ဖြစ်သွားမှာပါ”

“မော်ရိုကိုနဲ့ပွဲပြီးတော့ ကျနော်တို့နှစ်ယောက် စကားနည်းနည်းပြောဖြစ်ခဲ့ပါတယ်။ တွေ့လည်းတွေ့ဖြစ်ခဲ့ပြီး သူ့ ခေါင်းအခြေအနေ ဘယ်လိုရှိလဲ ကျနော် ကြည့်ဖြစ်ခဲ့ပါသေးတယ်။ နောက်ပြီးတော့ ကျနော်တို့ ဗိုလ်လုပွဲမှာ ပြန်လည်ထိပ်တိုက်တွေ့ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပြီး အဲ့ဒီပွဲက ပွဲကောင်းတပွဲဖြစ်လာမယ်ဆိုတာလည်း ပြောခဲ့ပါတယ်” လို့ ဖွင့်ဟခဲ့ပါတယ်။

လီဗာပူးပရိသတ်တွေကလည်း ဒီကနေ့ည ဆာလာနဲ့မာနေးတို့ ပြိုင်ဘက်အဖြစ် ပြန်လည်ရင်ဆိုင်ရမယ့် အာဖရိကဖလားဗိုလ်လုပွဲအပေါ် စိတ်ဝင်စားနေပြီး လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ကလည်း အီဂျစ်နဲ့ဆီနီဂေါတို့ရဲ့ ဗိုလ်လုပွဲကို စောင့်ကြည့်သွားမယ်လို့ ပြောကြားထားပါတယ်။ 

Share

Loading Next Article...
က္က