• ဒီညမှာ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းထဲက အမိုးတွေပါပွင့်ထွက်သွားစေချင်တယ်လို့ တူဟယ်လ်သတိပေး

ချဲလ်ဆီးတို့ ရီးရဲယ်မက်ဒရစ်ကို ဒီညမှာ ဧည့်ခံရမှာပါ။

ချဲလ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က ဒီကနေ့ည ရီးရဲယ်မက်ဒရစ်နဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲအတွက် ချဲလ်ဆီးပရိသတ်တွေကို သတိပေးပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ကွာတားဖိုင်နယ် ပထမအကျော့ပွဲအဖြစ် ရီးရဲယ်မက်ဒရစ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာပါ။

image

အစပိုင်းမှာတော့ အေဘရာမိုဗစ်ချ်အပေါ် ပိတ်ဆို့အရေးယူမှုတွေကြောင့် ချဲလ်ဆီးတို့ ဒီပွဲကို ကွင်းပိတ်ကစားဖို့ ယူအီးအက်ဖ်အေက အမိန့်ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒီပိတ်ဆို့အရေးယူမှုကို ပယ်ဖျက်ပေးခဲ့တာကြောင့် ချဲလ်ဆီးတို့အနေနဲ့ အရေးပါတဲ့ပွဲတပွဲကို ပရိသတ်တွေရဲ့ ရှေ့မှောက်မှာ ကစားခွင့်ရရှိတော့မှာပါ။

image

ချဲလ်ဆီးဟာ ရီးရဲယ်မက်ဒရစ်နဲ့ပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာတင် ၁-၄ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ချဲလ်ဆီးအနေနဲ့ ရီးရဲယ်မက်ဒရစ်နဲ့ပွဲမှာ ဒီရှုံးပွဲကနေ အမြန်ဆုံးပြန်လည် ရုန်းထလာနိုင်ဖို့ အရေးကြီးပါတယ်။

ဒီပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ တူဟယ်လ်က “ကျနော်တို့ ကစားသမားတွေ ကိုယ်တိုင်က ကွင်းထဲမှာ စနေနေ့ကထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုးကို ပြသဖို့ လိုအပ်သလို ပရိသတ်တွေရဲ့ ပိုမိုကောင်းမွန်တဲ့ အားပေးမှုကိုလည်း ကျနော်တို့ သေချာပေါက်လိုအပ်ပါတယ်။ ကွင်းထဲကခေါင်မိုးတွေ ပွင့်ထွက်သွားတဲ့အသံတွေကို ကျနော်တို့ လိုချင်ပါတယ်”

“ရီးရဲယ်မက်ဒရစ်လိုအသင်းမျိုးနဲ့ ရင်ဆိုင်ရတဲ့ အရေးကြီးပွဲစဥ်မှာ လူတိုင်းက တက်တက်ကြွကြွနဲ့ အားပေးဖို့ လိုအပ်ပါတယ်။ ပြိုင်ဘက်ပရိသတ်တွေရှေ့မှာ သွားရောက်ရင်ဆိုင်ရတာလည်း ခက်ပါတယ်။ ကျနော်တို့ ဒါကို ဂျူဗင်တပ်စ်၊ မာလ်မိုတို့နဲ့ ပွဲတွေမှာ သိခဲ့ရပြီး နောက်တပတ်ဆိုလည်း ရီးရဲယ်မက်ဒရစ်ကွင်းမှာ သွားကစားရဦးမှာပါ”

“ချန်ပီယံလိဂ်ပွဲစဥ်တွေမှာ ခွန်အားအပြည့်နဲ့ အားပေးနေတဲ့ ပရိသတ်တွေက ကျနော်တို့အတွက် အများကြီးတွန်းအားဖြစ်စေပြီး ကျနော်တို့ရဲ့နောက်မှာ အားလုံးရပ်တည်ပေးဖို့ လိုအပ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ တဆက်တည်းမှာပဲ ကိုဗစ်ကူးစက်ခံထားရတဲ့ ရီးရဲယ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက အခုချိန်မှာ ပျောက်ကင်းသွားပြီဖြစ်တာကြောင့် ချဲလ်ဆီးနဲ့ပွဲကို ကွင်းအတွင်းဝင်ရောက်ကြီးကြပ်မယ်လို့ သိရှိရပါတယ်။ 

Share

Loading Next Article...
က္က