• ချဲလ်ဆီးတို့ ချန်ပီယံလိဂ်ကနေ ဖျာလိပ်ပြီးပြန်ရမှာကိုကြိုမြင်နေတယ်လို့ ရာအူးလ်ပြော

ချဲလ်ဆီးနဲ့ ရီးရဲယ် ချန်ပီယံလိဂ်မှာတွေ့တဲ့အပေါ် ရာအူးလ်က ပြောကြားခဲ့တာပါ။

ရီးရဲယ်မက်ဒရစ် ဂန္တဝင် တိုက်စစ်မှူးဟောင်းကြီး ရာအူးလ်က ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဥ်နဲ့ ပတ်သက်လို့ သူ့အမြင်ကို အခုလိုပဲ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ လာမယ့်တပတ်မှာ ချဲလ်ဆီးနဲ့ ရီးရဲယ်မက်ဒရစ်တို့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် ရင်ဆိုင်မှာပါ။

image

ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာပဲ ထိပ်တိုက်တွေ့ခဲ့ပါသေးတယ်။ အဲ့ဒီအချိန်တုန်းက ရီးရဲယ်မက်ဒရစ် အိမ်ကွင်းမှာ သရေကျခဲ့ပြီး ချဲလ်ဆီးက စတမ်းဖို့ဒ်ဘရစ်ချ်မှာ အနိုင်ကန်ခဲ့တာကြောင့် ချဲလ်ဆီးတို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ရောက်ရှိခဲ့ပါတယ်။

image

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း ချဲလ်ဆီးက မန်စီးတီးကို အနိုင်ယူကာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ချဲလ်ဆီးတို့ ကွာတားဖိုင်နယ် ကျော်နိုင်မှာ မဟုတ်တဲ့အကြောင်း ရာအူးလ်က အခုလိုပဲပြောကြားလာပါတယ်။ ရာအူးလ်က “ချဲလ်ဆီးကို ရီးရဲယ်မက်ဒရစ်တို့ ဖြုတ်ချသွားမယ်ဆိုတာ ကျနော် ခုတည်းက မြင်နေပါတယ်”

“ကျနော်တို့က လာလီဂါမှာ အဆင့်တစ်၊ ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ် ရောက်နေတဲ့ အသင်းတသင်းပါ။ ဒီရာသီရဲ့ အလှပဆုံး အခိုက်အတန့်တခုအတွက် ဒီအသင်းက အဆင်သင့်ဖြစ်နေပါပြီ။ အရာအားလုံးကို အဆုံးအဖြတ်ပေးရမယ့် အချိန်ရောက်ပါတော့မယ်။ ဒီအချိန်မှာ အားလုံး ပျော်ရွှင်ရပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ရီးရဲယ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်မှာ ခက်ခဲတဲ့ပြိုင်ဘက် ပီအက်စ်ဂျီကို ဘန်ဇီမာရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့အတူ အံ့အားသင့်ဖွယ် အနိုင်ရရှိကာ ကွာတားဖိုင်နယ်ကို ရောက်ရှိလာခဲ့တာပါ။ ချဲလ်ဆီးကလည်း ကွင်းပြင်ပ ပြဿနာတွေရှိနေသည့်တိုင် ကွင်းတွင်းမှာ ခြေစွမ်းပိုင်းကောင်းမွန်နေဆဲဖြစ်ပြီး ရီးရဲယ်မက်ဒရစ်ကို ကောင်းကောင်းဒုက္ခပေးနိုင်ပါလိမ့်မယ်။ 

Share

Loading Next Article...
က္က