• ဘောလုံးနဲ့ပတ်သက်ပြီး သင် မသိသေးတဲ့အချက် ၃ ချက်

ဖြစ်ရပ်တွေက အံ့အားသင့်စရာကောင်းသလို ရယ်စရာလည်းကောင်းပါတယ်။

ဘောလုံးအားကစားဟာ ကမ္ဘာပေါ်မှာ လူသန်းပေါင်းများစွာ ကြည့်ရှုအားပေးနေကြတဲ့ အားကစားနည်းတစ်မျိုးဖြစ်ပြီး ပရိသတ်တွေဟာ မိမိနှစ်သက်ရာအသင်း၊ ကစားသမားတွေကို ရွေးချယ်အားပေးခဲ့ကြပါတယ်။ ပရိသတ်တွေအနေနဲ့ မိမိ နှစ်သက်တဲ့ အသင်းနဲ့ ကစားသမားတွေရဲ့ အကြောင်းကို သိချင်ကြတာဟာ သဘာဝတစ်ခုဖြစ်ပြီး ယခုတင်ဆက်ပေးမှာကတော့ ပရိသတ်တွေအနေနဲ့ အရင်က မသိခဲ့ဖူးတဲ့ အသင်းတွေနဲ့ ကစားသမားတွေရဲ့ ထူးခြားတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။

 

ဘင်ဖီကာအသင်းကို ကျိန်စာတိုက်ခဲ့တဲ့ နည်းပြ

CROPTGC5J-1024x640.jpg 

ဘင်ဖီကာအသင်းကို ၁၉၅၉ ခုနှစ်မှာ ဟန်ဂေရီလက်ရွေးစင်ကစားသမားဟောင်း ဘယ်လာဂတ်မန်းက နည်းပြအဖြစ် စတင်တာဝန်ယူကိုင်တွယ်ခဲ့ပါတယ်။ ဘယ်လာဂတ်မန်းဟာ ဘင်ဖီကာအသင်းကို ပရီးမီးယားလီဂါဖလား ၂ လုံး၊ ပေါ်တူဂီဖလား ၁ လုံးနဲ့ ဥရောပဖလား ၂ လုံး ရရှိအောင် နည်းပြပေးခဲ့ပါတယ်။ ဒုတိယအကြိမ် ဥရောပဖလားကို ရရှိပြီးတဲ့နောက် ၁၉၆၂ ခုနှစ်မှာ ဘယ်လာဂတ်မန်းဟာ အသင်းကို လစာတိုးပေးဖို့ တောင်းဆိုခဲ့ပြီး ဘင်ဖီကာအသင်းတာဝန်ရှိသူတွေဟာ အသင်းကို အောင်မြင်မှုတွေများစွာ ရယူပေးနိုင်ခဲ့တဲ့ ဘယ်လာဂတ်မန်းကို လစာတိုးပေးဖို့ ငြင်းဆန်ခဲ့တဲ့အပြင် စာချုပ်ကိုပါ ရပ်စဲလိုက်ပါတယ်။ မမျှော်လင့်ထားတဲ့တုံ့ပြန်မှုကို ရရှိခဲ့တဲ့ ဘယ်လာဂတ်မန်းဟာ ဒေါသအမျက်ချောင်းချောင်းထွက်ခဲ့ပြီး အသင်းကို အခုလိုပဲ ကျိန်စာတိုက်ခဲ့ပါတယ်။

"အခုကနေစပြီး လာမယ့်နှစ်တစ်ရာအတွင်း ဘင်ဖီကာအသင်း ဘယ်တော့မှ ဥရောပချန်ပီယံမဖြစ်ပါစေနဲ့"ဆိုတဲ့ ကျိန်စာကို ဘင်ဖီကာအသင်းထံ ပေးပို့ခဲ့ပါတယ်။ ယင်းအချိန်ကစပြီး ဘင်ဖီကာအသင်းဟာ ဥရောပဖလားဗိုလ်လုပွဲကို ၅ ကြိမ်တက်ရောက်နိုင်ခဲ့ပေမယ့် ဖလားမရရှိခဲ့သလို ဥရောပဖလား(ယူရိုပါလိဂ်)ဗိုလ်လုပွဲကို ၃ ကြိမ်တက်ရောက်နိုင်ခဲ့ပေမယ့် ဖလားမရရှိခဲ့ပါဘူး။

 

မိန်းမကြောက်ရတဲ့ ဇာဗီရဲ့ ဖခင်

xavi_debut.v1364118171.jpg 

ဘာစီလိုနာအသင်းရဲ့ ဂန္တဝင်ကွင်းလယ်ကစားသမားဟောင်း ဇာဗီဟာ အသက် ၁၉ နှစ်အရွယ်မှာ စီးရီးအေထိပ်သီးအသင်းကြီးတစ်သင်းဖြစ်တဲ့ အေစီမီလန်အသင်းကို ပြောင်းရွှေ့ဖို့အတွက် ဖခင်ဖြစ်သူနဲ့ အေစီမီလန်အသင်းတို့ သဘောတူညီခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီအပြောင်းအရွှေ့သတင်းကို သိသွားတဲ့ ဇာဗီရဲ့ မိခင်ဟာ ခင်ပွန်းဖြစ်သူကို ခြိမ်းခြောက်စကားပြောခဲ့ပါတယ်။ အဲဒီစကားကတော့ "ရှင်သူ့ကို အေစီမီလန်အသင်းကို ပို့ရဲပို့ကြည်။ ကျွန်မ ရှင့်ကို ကွာရှင်းပစ်မယ်"တဲ့။

 

ကမ္ဘာပေါ်က အကောင်းဆုံးတစ်ဦးတည်းသော ဂိုးသမား

 

နတ်ဘုရားတစ်ပါးလို့ ချစ်စနိုးနဲ့ ပရိသတ်တွေကနာမည်ပေးထားကြတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂိုးသမားဟောင်း အိုလီဗာခန်းဟာ ဘောလုံးသမိုင်းတစ်လျှောက်မှာ ရွှေလက်အိတ်ဆုနဲ့ ရွှေဘောလုံးဆုကို တစ်နှစ်အတွင်းမှာ ရရှိခဲ့တဲ့ တစ်ဦးတည်းသော ဂိုးသမားဖြစ်ပါတယ်။ ရွှေဘောလုံးဆုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအပြီးမှာ ဖီဖာရဲ့နည်းစနစ်ကော်မတီနဲ့ မီဒီယာတွေရဲ့ကိုယ်စားလှယ်တွေက မဲပေးရွေးချယ်ပြီး ပေးအပ်တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က