• နောက်ဖေးရေမြောင်းမရှိတဲ့ ရပ်ကွက်တွေနဲ့ပတ်သက်ပြီး ပြောင်းလဲ့ဆောင်ရွက်ဖို့တင်ပြပါက ခွင့်ပြုမယ်

ပြောင်းလဲခွင့်ပြုမယ့်ကိစ္စကိုလည်း အများပြည်သူသိရှိစေဖို့ သတင်းထုတ်ပြန်ကြေညာပေးသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

နောက်ဖေးလမ်းကြားရေမြောင်းမရှိတဲ့ရပ်ကွက်တွေမှာ မိလ္လာရေပုပ်စုပ်စနစ်ထက် ပိုကောင်းတဲ့စနစ်နဲ့ဆောင်ရွက်ဖို့တင်ပြလာတယ်ဆိုရင် ခွင့်ပြုသွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက တိုင်းဒေသကြီးလွှတ်တော်မှာ ပြောပါတယ်။

image

ဓါတ်ပုံ- ရန်ကုန်မြို့တွင်းက နောက်ဖေးလမ်းကြား မြင်ကွင်းတစ်ခု (myohmyanmarwordpress)

နောက်ဖေးလမ်းကြားရေမြောင်းမရှိတဲ့ ရပ်ကွက်တွေမှာ မိလ္လာသန့်စင်စနစ်ထက် အခြားစနစ်တစ်ခုနဲ့ ပြောင်းလဲသုံးစွဲဖို့ အစီအစဉ်ရှိမရှိကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့တိုင်းလွှတ်တော်မှာ စမ်းချောင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်က မေးမြန်းရာမှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။

“စည်ပင်က လက်ရှိ ကျင့်သုံးပြီးခွင့်ပြုပေးနေတဲ့ မိလ္လာသန့်စင်စနစ်ကို အိမ်ရှေ့၊ အိမ်နောက်မြောင်းတွေရှိပြီး ရေစီးကောင်းတဲ့နေရာတွေမှာ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နောက်ဖေးလမ်းကြား ရမြောင်းမရှိတဲ့ ရပ်ကွက်တွေမှာ နေရာပေါ်မူတည်ပြီး မိလ္လာသန့်စသ်စနစ်ထက် ပိုကောင်းတဲ့စနစ်နဲ့ ဆောင်ရွက်ဖို့ တင်ပြလာတယ်ဆိုရင် ပြောင်းလဲခွင့်ပြုသွားမယ် ” လို့ ပြောပါတယ်။

အဲ့ဒီလို ပြောင်းလဲခွင့်ပြုမယ့်ကိစ္စကိုလည်း အများပြည်သူသိရှိစေဖို့ သတင်းထုတ်ပြန် ကြေညာပေးသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့တနလာၤနေ့ကလည်း ဂျပန်နိုင်ငံက ရန်ကုန်မှာ အမှိုက်ကန်စနစ်ဆောက်ဖို့နဲ့ အမှိုက်စနစ်ကိုလုပ်ဆောင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၅.၄ သန်းထောက်ပံ့ပေးထားခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က