• နောက်ဆုံးထွက် iPhone များအတွက် wireless ဘက်ထရီကာဗာသစ် Apple မိတ်ဆက်

မြန်မာငွေ ၁ သိန်း ၈ သောင်းကျော်တန် စမတ်ကာဗာပါ

၂၀၁၈ မော်ဒယ် iPhone သစ်များအတွက် ကြိုးမဲ့အားသွင်းနိုင်မယ့် စမတ်ဘက်ထရီ ကာဗာတစ်မျိုးကို ဈေးကွက်ထဲ ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။

         Photo: Mashable


         Apple ထုတ် Smart Battery Cases ဟာ Qi-certified ထောက်ခံချက်ရ ကြိုးမဲ့ charger တွေနဲ့အလုပ်လုပ်နိုင်တဲ့ စနစ်ဖြစ်လို့iPhone XS, iPhone XR နဲ့iPhone XS Max တို့မှာ သုံးနိုင်မှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် iPhone XS မော်ဒယ်တွေ ကိုင်တဲ့ သူတွေဟာ ဖုန်းအတွက် charger သီးသန့်ထားပြီး သယ်သွားစရာ မလိုတော့ပါဘူး။ ကာဗာရဲ့ အတွင်းလိုင်းတွေကို နူးညံ့တဲ့ မိုက်ခရိုဖိုက်ဘာတွေနဲ့ကွပ်ထားပြီး အနက် ၊ အဖြူ နှစ်ရောင်နဲ့လာပါတယ်။

         ဖုန်းနဲ့ဖုန်း ကာဗာအတွက် ဘက်ထရီပါဝါ ဘယ်လောက် ရှိနေပြီလဲဆိုတာကိုပါ ဖုန်း lock screen နဲ့noti center တွေထဲမှာ ပြသပေးနေမှာပါ။ ဘက်ထရီအားခံမှုနဲ့ပတ်သက်ပြီး Apple ကတော့ iPhone XS, XS Max နဲ့XR ကာဗာတွေဟာ ဖုန်းပြောချိန် ၃၃ နာရီ ၊ ၃၇ နာရီနဲ့၃၉ နာရီ ခံနိုင်အောင် ထုတ်ထားပြီး အင်တာနက် သုံးမယ်ဆိုရင်တော့ ၂၁ နာရီ ၊ နာရီ ၂၀ နဲ့၂၂ နာရီအကြာ သုံးနိုင်မယ်လို့ဆိုပါတယ်။

         တကယ်လို့video ကြည့်မယ်ဆိုရင်တော့ ကို Smart Battery Cases ဟာ iPhone XS နဲ့XS Max တို့မှာ ၂၅ နာရီခံပြီး iPhone XR မှာ ၂၇ နာရီအားခံမှာ ဖြစ်ပါတယ်။ iPhone XS နဲ့ဒီဇိုင်းချင်း ၊ အရွယ်အစားချင်းတူတဲ့ iPhone X မှာတော့ ဒီစမတ်ဘက်ထရီကာဗာနဲ့compatible မဖြစ်လို့သုံးရမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

         Apple ဟာ ၂၀၁၆ ခုနှစ်က iPhone 7 အတွက် ဘက်ထရီကာဗာတစ်ခု ပထမဆုံး မိတ်ဆက်ခဲ့ပေမယ့် iPhone 7 Plus ၊ iPhone 8/8 Plus နဲ့iPhone X တို့မှာတော့ အပြင် battery pack ထပ်မထုတ်ဖြစ်ခဲ့ပါဘူး။ ဒီအတွက်ကြောင့် ဒါဟာ Apple အနေနဲ့iPhone 7 အပြီး Qi wireless charging ရတဲ့ ဘက်ထရီကာဗာကို ပထမဆုံး မိတ်ဆက်တာလို့လည်း ပြောနိုင်ပါတယ်။

         ၂၀၁၇ နှစ်ကုန်ပိုင်းက Apple ဟာ ဘက်ထရီသက်တမ်းရင့် Phone 6 ၊ 6 Plus ၊ 6S ၊ 6S Plus နဲ့iPhone SE တို့မှာ software update ကနေ ဖုန်းရဲ့ performance ကို ချထားမှုကြောင့် တရားဝင် ဝန်ချတောင်းပန်ခဲ့ပြီး ၇၉ ဒေါ်လာတန် ဘက်ထရီကို ၂၉ ဒေါ်လာနဲ့ပြန်လဲပေးခဲ့ရပါတယ်။ ၂၀၁၈ တစ်နှစ်ထဲမှာ iPhone ဘက်ထရီအဟောင်း / အသစ် လဲလှယ်မှုဟာ ၁၁ သန်း အထိ ရှိခဲ့တာကြောင့် iPhone XS/XS Max စတဲ့ မော်ဒယ်သစ်တွေရဲ့ ရောင်းအား ကျဆင်းခဲ့ပါတယ်။

Photo: macrumors

         iPhone XS series သစ်တွေမှာပဲ သုံးနိုင်မယ့် ဒီ Smart Battery Cases တွေကိုတော့ ၁၂၉ ဒေါ်လာ (မြန်မာငွေ ၁ သိန်း ၈ သောင်းကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က