• ဧပြီလအတွင်း ပြည်ပအလုပ်အကိုင်ပေါင်း ၂၀၀၀၀ ကျော်ရရှိခဲ့

ရရှိမှုနည်းနေပါသေးတယ်။
၂၀၁၉ ခုနှစ် ဧပြီလအတွင်း ပြည်ပ အလုပ်အကိုင်ပေါင်း နှစ်သောင်းကျော် ဖန်တီးပေးနိုင်ခဲ့တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနကနေ သိရပါတယ်။
image

အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိစေရေး ပြည်ပသို့ တရားဝင်စေလွှတ်ခြင်တွေ ပြုလုပ်နေရာမှာ ဧပြီလအတွက် ပြည်ပအလုပ်ကိုင်ပေါင်း ၂၀၇၆၆ ခုကို ဖန်တီးပေးခဲ့တယ်လို့ ဆိုပါတယ်။ အလုပ်အကိုင်ရရှိမှုတွေကတော့ ထိုင်းနိုင်ငံအတွက် ၁၅၀၀၀ ကျော်နဲ့ မလေးရှားနိုင်ငံအတွက် ၄၅၀၀ နီးပါးလောက် ဖန်တီးပေးနိုင်ခဲ့ပြီး ဂျပန်၊ စင်ကာပူ၊ ကာတာ၊ ယူအေအီး၊ ဂျော်ဒန် စတဲ့ နိုင်ငံတွေမှာလည်း ဖန်တီးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြည်တွင်းအလုပ်အကိုင် ဖန်တီးပေးနိုင်မှုကတော့ ဧပြီလထဲမှာ အလုပ်အကိုင်နေရာပေါင်း ၂၄၀၄၈ ခု ဖန်တီးပေးနိုင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ အလုပ်အကိုင်ပေါင်း ၁၅၀၀၀ ကျော်နဲ့ အနည်းဆုံးကတော့ ချင်းပြည်နယ်မှာ အလုပ်အကိုင် ၅ ခု ဖန်တီးပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ လစဉ်ပျမ်းမျှ အလုပ်သမား ၂ သောင်းခန့်ကို ပြည်ပသို့ စေလွှတ်လျက်ရှိပြီး ပြည်တွင်းမှာလည်း အလုပ်အကိုင်ပေါင်း ၂ သောင်းခန့်ကို ဖန်တီးပေးနေတယ်လို့ ဝန်ကြီးဌာနရဲ့ တရားဝင် Website မှရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။

မြန်မာနိုင်ငံဟာ၂၀၂၀ ခုနှစ်မတိုင်မီမှာ အစိုးရအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းပေါင်း တစ်သန်းကျော်ကို ဖန်တီးပေးရန်လိုအပ်နေတယ်လို့ ကမ္ဘာ့လူဦးရေ ရန်ပုံငွေအဖွဲ့ကြီးက ထောက်ပြထားပါတယ်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်တွေကို လူဦးရေခန့်မှန်းချက် သုတေသနစာတမ်းအရ မြန်မာနိုင်ငံရဲ့လူဦးရေဟာ၂၀၅၀ ခုနှစ်မှာ ၆၅ သန်းခန့်ရှိလာမှာဖြစ်တာကြောင့် ၂၀၃၀ ခုနှစ်အထိ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃.၇ သန်းလောက်ဖော်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က