• FA ဖလားကပြုတ်ထားတဲ့မန်ယူကွင်းမှာ FA ဆီမီးပွဲကန်စေချင်နေတဲ့ လီဗာပူးပရိသတ်များ

လီဗာပူးနဲ့မန်စီးတီးပရိသတ်တွေက အိုးထရက်ဖို့ဒ်မှာ ကစားဖို့ဆန္ဒရှိနေတာပါ။

လီဗာပူးပရိသတ်တွေဟာ မန်စီးတီးနဲ့ ကစားမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဥ်ကို ယူနိုက်တက်အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ပြောင်းရွှေ့ကစားစေဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတို့ကို လန်ဒန်မြို့က ဝင်ဘလေမှာပဲ ကျင်းပလေ့ရှိတာပါ။

image

ဒါပေမယ့် သွားလာရေး လမ်းကြောင်း အခက်အခဲတွေကြားမှာ လီဗာပူး ပရိသတ်တွေက အခုလိုပဲ ကွင်းကို ရွှေ့ပြောင်း ကစားစေဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ တဖက်မှာလည်း အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဥ်တွေ ကစားမယ့် ဧပြီ (၁၆) နဲ့ (၁၇) တို့မှာ ယူနိုက်တက်အနေနဲ့ နော့ဝစ်ချ်နဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ ကစားဖို့ ရှိနေပါသေးတယ်။

image

လီဗာပူးပရိသတ်တွေအပြင် မန်စီးတီး ပရိသတ်တွေကလည်း ဝင်ဘလေကွင်းကနေ ရွှေ့ပြောင်း ကစားစေဖို့ ဆန္ဒရှိနေပြီး အိုးထရက်ဖို့ဒ်က နှစ်သင်းလုံးအတွက် အကောင်းဆုံး ရွေးချယ်မှုအဖြစ် ယုံကြည်ထားကြပါတယ်။ အိုးထရက်ဖို့ဒ်ကွင်းဟာ လီဗာပူးနဲ့မန်စီးတီး နှစ်ဖက်ပရိသတ်တွေအတွက် အဆင်ပြေတဲ့လမ်းကြောင်းအဖြစ် ယူဆထားပြီး မီးရထားလမ်းကြောင်းနဲ့အတူ သက်သောင့်သက်သာ ခရီးသွားနိုင်တာကြောင့် အခုလိုပဲ မျက်စိကျနေတာပါ။

ပရိသတ်တွေဘက်ကတော့ ယူနိုက်တက်တို့ အဲ့ဒီရက်သတ္တပတ်မှာ ပွဲကစားဖို့ရှိတယ်ဆိုပေမယ့် အက်ဖ်အေဘက်ကသာ စီစဥ်ပေးမယ်ဆိုရင် မဖြစ်လာစရာ အကြောင်းမရှိဘဲ ဆုံးဖြတ်ချက်က အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အပေါ်မှာသာ မူတည်နေတယ်လို့ ယုံကြည်နေပါတယ်။

ယူနိုက်တက်ဟာ လိဂ်ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ကာ အက်ဖ်အေဖလားကနေ စောစောစီးစီးထွက်ခဲ့ရတဲ့အသင်းတသင်းဖြစ်ပါတယ်။ လက်ရှိ အက်ဖ်အေဖလားဆီမီးဖိုင်နယ်မှာတော့ လီဗာပူးနဲ့မန်စီးတီး၊ ချဲလ်ဆီးနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ ထိပ်တိုက်တွေ့ဆုံနေကြပါတယ်။ 

Share

Loading Next Article...
က္က