• Facebook ရဲ့ Twitter နဲ့ Instagram အကောင့်များ တိုက်ခိုက်ခံရ

နာရီဝက်အတွင်း ပြန်ဆယ်နိုင်ခဲ့ပါတယ်

ပြီးခဲ့တဲ့ သောကြာနေ့ နေ့လည်ခင်းပိုင်းက ဟက်ကာအဖွဲတစ်ဖွဲ့ဟာ Facebook ရဲ့ လူမှုကွန်ရက်အကောင့်များကို ယာယီ ထိန်းချုပ်နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

OurMine လို့ခေါ်တဲ့ ဟက်ကာအဖွဲဟာ Facebook နဲ့ Messenger တို့ရဲ့ Twitter နဲ့ Instagram အကောင့်တွေကို ရယူခဲ့တယ်လို့ BBC သတင်းက ဖော်ပြထားပါတယ်။ OurMine အဖွဲ့ဟာ ပြီးခဲ့တဲ့ တစ်ပတ်မှာပဲ NFL နဲ့ ESPN အားကစားသတင်းဆိုက်တွေရဲ့ လူမှုကွန်ရက်အကောင့်တွေကို တိုက်ခိုက်ခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။

image

Photo: BBC


Facebook ကို တိုက်ခိုက်မှု လုပ်ပြီးနောက် Facebook ရဲ့ Twitter အကောင့်မှာ OurMine ဟာ ပို့စ်ပေါင်းများစွာ သင်ခဲ့သလို Messenger ရဲ့ အကောင့်မှာလည်း အလားတူ လုပ်ဆောင်ခဲ့ပါတယ်။ ပို့စ်တစ်ခုမှာဆိုရင် Facebook ကိုတောင် hacking လုပ်နိုင်တယ်လို့ ရေးသားထားပါတယ်။ Facebook ရဲ့ ဝက်ဘ်ဆိုက်ကတော့ ဆိုက်ဘာတိုက်ခိုက်မှု မခံခဲ့ရဘူးလို့လည်း သိရပါတယ်။

OurMine အဖွဲ့က ထိန်းချုပ်ထားတဲ့ အကောင့်တွေကို မိနစ် ၃၀ အတွင်းမှာ ပြန်ယူနိုင်ခဲ့ပြီး Twitter မှာ တင်ထားတဲ့ tweets တွေကိုလည်း အမြန်ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။Twitter ရဲ့ အတည်ပြုချက်အရ third-party တစ်ခုကနေ ဆိုက်ဘာတိုက်ခိုက်မှုဖြစ်ပေါ်ပြီးနောက် ပြဿနာကို သိသိချင်း အကောင့်တွေကို လော့ချထားလိုက်တယ်လို့ ဆိုပါတယ်။

Photo: inc42


"ဒီဖြစ်ရပ်ကို သိသိချင်း တိုက်ခိုက်ခံရတဲ့ အကောင့်တွေကို ထိန်းချုပ်လိုက်ပြီး ဒီအကောင့်တွေ ပြန်ရဖို့ Facebook မှာ ရှိတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဘက်တွေနဲ့ နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်နေပါတယ်" လို့ Twitter က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ OurMine ဟာ National Football League (NFL) ရဲ့ လူမှုကွန်ရက်ကို တိုက်ခိုက်ခဲ့သလိုမျိုး Facebook ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး NFL ကို တိုက်ခိုက်ချိန်မှာ Khoros လို့ခေါ်တဲ့ marketing ပလက်ဖောင်းကနေ တစ်ဆင့် တိုက်ခိုက်သွားတာပါ။

OurMine ဟာ ဒူဘိုင်းအခြေစိုက် ဟက်ကာအဖွဲ့ ဖြစ်ပြီး အရင်ကလည်း နာမည်ကြီး ပုဂ္ဂိုလ်နဲ့ ကော်ပိုရေးရှင်းတွေရဲ့ အကောင့်တွေကို တိုက်ခိုက်ခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။ OurMine ဟာ Twitter တည်ထောင်သူ ဂျက်ဒေါ်ဆီ ၊ Google အမှုဆောင်အရာရှိချုပ် ဆွန်ဒါပီချိုင်း ၊ Netflix နဲ့ ESPN တို့ရဲ့ ကော်ပိုရိတ်အကောင့်များလည်း ဆိုက်ဘာတိုက်ခိုက်မှု လုပ်ဆောင်ထားပါတယ်။

Share

Loading Next Article...
က္က