• Flagship ဖုန်းတွေမှာ OS Update ၄ နှစ်အထိ ပေးဖို့ OPPO ကတိပြု

OPPO ရဲ့သမိုင်းမှာ အမြန်ဆုံး Android OS ဖြန့်ချိမှုလို့ ဆိုပါတယ်။

တရုတ်စမတ်ဖုန်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ OPPO ဟာ တန်ဖိုးမြင့်စမတ်ဖုန်းမော်ဒယ်တွေအတွက် ကတိကဝတ်တစ်ခု ချပြလာပါတယ်။

၂၀၂၃ ခုနှစ်က စပြီး OPPO ထုတ် Flagship ဖုန်းတစ်ချို့မှာ OS Update ၄ နှစ်နဲ့ Security Updates ၅ နှစ်အထိ ထောက်ပံ့ပေးသွားမယ်လို့ ကုမ္ပဏီက အတည်ပြုလိုက်တာပါ။ လက်ရှိ အန်းဒရိုက်ဖုန်း Brand တွေထဲမှာ Samsung ဟာ ၂၀၂၁ ထုတ် Flagship ဖုန်းတွေက စပြီး Android OS Update ၄ ကြိမ်နဲ့ Security Update ၅ နှစ် ပထမဆုံးပေးလာခဲ့တာ ဖြစ်ပါတယ်။ Pure Android ဖုန်းအဖြစ် Google Pixel တွေကတော့ OS Update ၃ နှစ်နဲ့ Security Patch ၅ နှစ်ပဲ ပေးတာပါ။ 

image



Photo: GSMArena

OPPO နဲ့ ညီအစ်မကုမ္ပဏီတစ်ခုဖြစ်တဲ့ OnePlus ဟာ ဒီနှစ်ဆန်းပိုင်းကပဲ Android OS Update ၄ ကြိမ်နဲ့ Security Patch ၅ ကြိမ် ထုတ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ OPPO ဟာ ColorOS 13 ဖြန့်ချိမှုကိုလည်း အရင် ColorOS ဗားရှင်းတွေထက် ပိုမြန်မြန် ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။ ColorOS 13 သစ်ကို နိုင်ငံတကာဖြန့်ချိထားတဲ့ OPPO မော်ဒယ် ၃၃ မျိုးမှာ ဖြန့်ချိပြီး ဖြစ်ပြီး OPPO ရဲ့သမိုင်းမှာ အမြန်ဆုံး Android OS ဖြန့်ချိမှုလို့ ဆိုပါတယ်။

ColorOS 12 နဲ့ ယှဉ်မယ်ဆိုရင် ColorOS 13 သစ်ဟာ စမတ်ဖုန်း ၅၀% ကျော်ကို ဖြန့်ချိထားတာ ဖြစ်ပါတယ်။ မိတ်ဆက်ပြီး ပထမ ၄ လအတွင်း ColorOS 13 သစ်ဟာ ColorOS 12 ထက် အသုံးပြုသူ သုံးဆကျော်ဆီ ပေးပို့နိုင်ခဲ့တာ ဖြစ်ပြီး OPPO ရဲ့ ColorOS သမိုင်းမှာ အမြန်ဆုံးနဲ့ အကြီးဆုံး Update ဖြန့်ချိမှု ဖြစ်လာခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က